Tuesday, August 13, 2019

ရွှေပြည်သာမြို့နယ်တွင် တရုတ်နိုင်ငံသားတစ်ဦး မိမိကိုယ်ကိုယ် ဓားဖြင့်လှီး၍ အဆုံးစီရင်

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် တရုတ်နိုင်ငံသားတစ်ဦး မိမိကိုယ်ကိုယ် ဓားဖြင့်လှီးကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၂ ရက် နံနက် ၁၀ နာရီခန့်က လှော်ကားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ တာဝန်ဆောင်ရွက်နေစဉ် ရွှေပြည်သာမြို့နယ် (၂၃) ရပ်ကွက် ၀ါးတစ်ရာ စက်မှုဇုန်ရှိ ကုမ္ပဏီတစ်ခုတွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ဓားဖြင့်လှီးကာ သတ်သေကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ ယင်းကုမ္ပဏီတွင် နေထိုင်သည့် တရုတ်နိုင်ငံသားဖြစ်သူ Mr. .... (၃၃ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက ဆက်လက်စစ်ဆေးရာ Mr. .... မှာ လည်ပင်းတွင် ရှစ်လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိကာ သေဆုံးနေခြင်းဖြစ်ပြီး ၎င်း၏အနီးတွင် အရိုးငါးလက်မ၊ အသွားလေးလက်မခန့်ရှိ ဓားတစ်ချောင်းကို တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် တာဝန်ရှိသူများက အခန်းအတွင်း တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာ မှတ်တမ်းအား စစ်ဆေးရာ Mr. .... မှာ ယင်းနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ၎င်း၏အိပ်ခန်းမှ စက်ရုံအလုပ်ခန်းသို့ သွားရောက်ခဲ့ပြီး အလုပ်စားပွဲခုံ အံဆွဲအတွင်းမှ ဓားကိုယူဆောင်ပြီး ကျောပိုးအိတ် ပစ္စည်းများ အခြောက်ခံသည့် အခန်းအတွင်းရှိ စင်များဘေးတွင် မိမိကိုယ်ကိုယ် ဓားဖြင့်လှီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို လှော်ကားနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂၂/၂၀၁၉) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment