Thursday, August 8, 2019

ယခုလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ပြီး အထက်ပိုင်းဒေသများ ပုံမှန်ထက် မိုးပိုနိုင်

ယခုလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ထပ်မံဖြစ်ပေါ်နိုင်ပြီး အထက်ပိုင်းဒေသများ ပုံမှန်ထက် မိုးပိုများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက ပေးတော့ ပေးထားတယ်။ ဖြစ်ဖို့တော့ နည်းသေးတယ်။ သင်္ချာပုံစံပြု မော်ဒယ်တွေမှာတော့ သိပ်မတွေ့ရဘူး။ အခုမုတ်သုံလေ အားကောင်းနေပေမယ့် နောက်ရင်တွေမှာ မုတ်သုံလေ အားပြန်လျော့လာမယ့် အနေအထား တွေ့ရတယ်။ လေဖိအားနည်းရပ်ဝန်းက မုတ်သုံလေ အားနည်းတဲ့အချိန်မှာ ဖြစ်တာများတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် သြဂုတ် ဒုတိယ ၁၀ ရက်ပတ်အတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် မိုးကောင်းနိုင်ကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
အထက်ပိုင်းဒေသများတွင် မိုးပိုလာမှုကြောင့် မြစ်ရေများလည်း မြင့်တက်လာနိုင်ကြောင်းကိုလည်း ၎င်းက ပြောကြားသည်။
“ မိုးပိုတော့ ရေတော့ တက်လာနိုင်တယ်။ ရေကြီးရေလျှံတာတော့ သိပ်မဖြစ်နိုင်ဘူး။ များသောအားဖြင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် အထက်ပိုင်းတွေက ရေကြီးရေလျှံ အများဆုံးဖြစ်တာက ဇွန်၊ ဇူလိုင်ပေါ့၊ သြဂုတ်လ ရောက်သွားရင် မြစ်လယ်နဲ့ မြစ်အောက်ပိုင်းပဲဖြစ်တာ၊ ဒါပေမဲ့ တခြားဘက်ကနေ မိုးများပြီး ရေလွှတ်တာများရင်တော့ ရေကြီးရေလျှံတာ ဖြစ်တတ်တယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သြဂုတ်လ ဒုတိယ ၁၀ ရက် မိုးလေဝသခန့်မှန်းချက်တွင် ဘင်္ဂလား ပင် လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ် ကြိမ်ဖြစ်ပေါ်နိုင်ပြီး အနောက်တောင် မုတ် သုံလေ အားအသင့်အတင့်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင်  မိုးရွာသွန်းမှုအခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင် ကြောင်း ခန့်မှန်းချက်တွင်ဖော်ပြထားသည်။

Eleven Media Group

0 comments:

Post a Comment