Thursday, August 8, 2019

တောင်ပြုန်းပွဲတွင် ဆရာများအား တာဝန်ချထားပေးခြင်းအပေါ်ကန့်ကွက်ကြောင်း တက္ကသိုလ်ဆရာများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူ ပြော

တောင်ပြုန်းပွဲတွင် ဆရာများအား တာဝန်ချထားပေးခြင်းအပေါ်ကန့်ကွက်ကြောင်း တက္ကသိုလ်ဆရာများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူ ပြော
ဆရာဆရာမများကို လုံခြုံရေးတာဝန်ချထားခြင်းသည် ပညာသင်ကြားရေးနှင့်မသက်ဆိုင်သကဲ့သို့ အစဉ်အမြဲ ကန့်ကွက်နေမည်ဖြစ်ကြောင်း တက္ကသိုလ်ဆရာများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူက ပြောကြားလိုက်သည်။

တောင်ပြုံးပွဲတွင် အခြေခံပညာမှဆရာများတာဝန်ချထားမှုနှင့်ပတ်သက်၍ သြဂုတ်လ ၈ ရက်၌ အကုန်သိသတင်းဌာနမှ မေးမြန်းမှုအပေါ် ယခုကဲ့သို့ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။
“ဒါက ကျွန်တော်တို့အနေနဲ့ပညာရေးဝန်ကြီးဌာနကိုအစဉ်အမြဲပြောဆိုနေမှာကန့်ကွက်နေမှာဖြစ်တယ်။ သတင်းမီဒီယာတွေမှာလည်းပြောမယ်။ ၀န်ကြီးဌာနကိုလည်းပြောမယ်။ဒါက လုံခြုံရေးနဲ့ဆရာဆိုတာ မသက်ဆိုင်ဘူးလေ။ ဆရာဆိုတာပညာသင်ကြားရေးအတွက်ဖြစ်တယ်။ ပညာရေးကဏ္ဍနဲ့မသက်ဆိုင်တဲ့ နေရာတွေမှာအသုံးပြုဖို့၊ အသုံးချဖို့မဟုတ်ဘူး’’ဟု တက္ကသိုလ်ဆရာများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူက ပြောသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း အခြေခံပညာမှ ဆရာ၊ဆရာမများကို မဲရုံမှူးအဖြစ်လည်းကောင်း၊ ဒုမဲရုံမှူးအဖြစ်လည်းကောင်း တာဝန်ချထားမှုများရှိသကဲ့သို့  တရားစွဲဆိုခံရမှုများလည်း ရှိခဲ့သည်။
ဆရာများကိုကျောင်းပညာသင်ကြားရေးအပြင် အခြားတာဝန်များစေခိုင်းချထားခြင်းမှာ နိုင်ငံ့ဝန်ထမ်းဖြစ်၍ နိုင်ငံတော်နှင့်သက်ဆိုင်သည့်ကဏ္ဍရပ်များကိုချထားခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကလည်း သတင်းမီဒီယာများသို့ပြောကြားထားသည်။
တောင်ပြုန်းပွဲတွင် ဆရာများအား တာဝန်ချထားပေးခြင်းအပေါ်ကန့်ကွက်ကြောင်း တက္ကသိုလ်ဆရာများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူ ပြော

မင်းသီဟန် ( အကုန်သိ သတင်းဌာန)

0 comments:

Post a Comment