Tuesday, August 13, 2019

ရေဘေးအတွက် ကိုရီးယားနှင့် ဂျပန်နိုင်ငံက ဆန်တန်ချိန် ၈၀၀ ထောက်ပံ့

ကြုံတွေ့နေသော မြန်မာနိုင်ငံရေဘေးအတွက် ကိုရီးယား နှင့်ဂျပန်နိုင်ငံက ဆန်တန်ချိန် ၈၀၀ ထောက်ပံ့ခဲ့သည်။ မြန်မာနိုင်ငံသည်အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ များဖြင့် ဖွဲ့စည်းထားသော အာ ဆီယံ+၃ အရေးပေါ် အရန်ဆန် ရိက္ခာအဖွဲ့ဝင် နိုင်ငံဖြစ်သဖြင့် ထောက်ပံ့မှုရရှိခြင်းဖြစ်သည်။

နှစ်စဉ်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ် ပါက ထိခိုက်နစ်နာသူများကို ထောက်ပံ့နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက အရန်ဆန်ရိက္ခာအဖွဲ့ကို ဆက် သွယ်ပြီးနောက် ဂျပန်မှ ဆန်တန် ချိန် ၃၀၀ နှင့် ကိုရီးယားမှ တန်ချိန် ၅၀၀ ရရှိခဲ့သည်။
မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်ကလည်း မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၂,၂၅၀ ထောက်ပံ့ခဲ့ သည်။
ယင်းအပြင် ဓာတ်မြေဩဇာ အိတ် ၃၇၀ နှင့် ကျပ်သိန်း ၂၀၀ ကို မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က မွန်ပြည်နယ်သို့ ဩဂုတ် ၁၂ ရက်က သွားရောက်လှူဒါန်း ခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်က ဦးစီးပြီး မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည် များအသင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသင်းခွဲများ၊ ကုန်စည် ဒိုင်များနှင့် ဆန်စပါးလုပ်ငန်း လုပ် ကိုင်သူများက လှူဒါန်းခဲ့ခြင်းဖြစ် သည်။ လတ်တလောဦးစားပေး ဆောင်ရွက်နေသည့် ကယ်ဆယ် ရေးလုပ်ငန်းများ ပြီးစီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင်လည်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်က ပူးပေါင်းပါ ၀င်မည်ဟု ထုတ်ပြန်ထားသည်။
7Day

0 comments:

Post a Comment