Monday, August 12, 2019

ပညာရေးစနစ် အကောင်းဆုံးဖြစ်စေရေး လူငယ်များ အကြံပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လက်ရှိပညာရေးစနစ်ကို အကောင်းဆုံးဖြစ်စေရေး လူငယ်များအနေဖြင့် ဝိုင်းဝန်းကူ ညီအကြံပေးရန် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

‘‘ကျွန်မတို့ရဲ့ လူငယ်များအ နေနဲ့ လက်ရှိပညာရေးစနစ်ကို အ များအတွက်ရော၊ ကိုယ့်အတွက် ရောဘယ်လိုအသုံးပြုရင် အ ကောင်းဆုံးဖြစ်မလဲဆိုတာကို ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
‘‘ဘာကြောင့်နှေးတယ်ဆို တာ အဓိက စဉ်းစားရမယ့်ကိစ္စ ပါ။ ဘယ်ဟာတွေမှာ အားနည်း ချက်တွေရှိလဲဆိုတော့ ကျွန်မတို့ ဟာ သုတေသနလုပ်တဲ့ဘက်မှာ လည်း အားနည်းနေတယ်၊ ဘာ သာစကား ဘက်မှာလည်းအား နည်းနေတယ်၊ Website တွေ သုံးတဲ့နေရာမှာလည်း ကျွန်မတို့ရဲ့ တက္ကသိုလ်တွေက အားနည်းနေ တယ်။ ဒီသုံးခုစလုံးက ဆက်နွှယ် နေပါတယ်’’ ဟု ၎င်းကပြော သည်။
ထို့အပြင် ဆင်းရဲချမ်းသာ မ ရွေး အားလုံးပါဝင်နိုင်သည့်ပညာ ရေးစနစ်တစ်ခု လိုအပ်နေပြီးအား လုံးသင်ယူနိုင်သည့် ပညာရေး စနစ်မျိုးဖြစ်စေချင်သည်ဟု အ တိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
‘‘ကျွန်မတို့ရဲ့ လူငယ်များအ နေနဲ့ လက်ရှိပညာရေးစနစ်ကို အ များအတွက်ရော၊ ကိုယ့်အတွက် ရော၊ ဘယ်လိုအသုံးပြုရင်အ ကောင်းဆုံးဖြစ်မလဲဆိုတာကိုဝိုင်း ဝန်းကူညီပေးစေချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
ပညာရေးစနစ် တိုးတက် ကောင်းမွန်လာစေရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူအားလုံးက ဝိုင်းဝန်း တိုင်ပင်ဆွေးနွေးပေး ရန်နှင့် ပညာတတ်များ အားလုံးသည်အ ထက်တန်းလွှာများက လာခြင်း မဟုတ်ကြောင်း သတိပြုစေချင် သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ဥပမာပေးသည်။
‘‘ဘယ်အလွှာကပဲလာလာ ပညာရှာချင်တဲ့သူတွေ ပညာရှာ လို့ရနိုင်တဲ့ ပညာရေးစနစ်တစ်ခု ကို ကျွန်မတို့ ထူထောင်နိုင်ဖို့ လို အပ်ပါတယ်။ အခုဆိုရင် ပုဂ္ဂလိ ကကျောင်းတွေရှိတယ်၊ အစိုးရ ကျောင်းတွေရှိတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် ကျွန်မတို့ရဲ့ အစိုး ရကျောင်းတွေကို အများကြီးတိုး တက်စေချင်တယ်။ ပိုက်ဆံရှိတဲ့ မိဘများဟာ သူတို့ရဲ့သားသမီး တွေကို ပုဂ္ဂလိကကျောင်းတွေကို လွှတ်တယ်ဆိုတဲ့ အစဉ်အလာကို ကျွန်မအားမပေးချင်ဘူး’’ ဟု အ တိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ပညာရေးစနစ်သည် ယခု အစိုးရသုံးနှစ်တာကာလအတွင်း တိုးတက်ပြောင်းလဲလာသည်မှာ မှန်သော်လည်း ဒေသတွင်းရှိ တက္ကသိုလ်များနှင့်ယှဉ်ပါက နှေး ကွေးနေသေးကြောင်း အတိုင်ပင် ခံပုဂ္ဂိုလ်ကဆိုသည်။ သြဂုတ် ၁၂ ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) ၌ ပြုလုပ်သော အ ပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမိန့်ခွန်းတွင် ဒေါ် အောင်ဆန်းစုကြည်က ထည့် သွင်းပြောကြားခြင်းဖြစ်သည်။
7Day

0 comments:

Post a Comment