Thursday, August 8, 2019

မြန်မာ့ရိုးရာအိုးပုတ်ပွဲတော် အစဉ်အလာမပျက် ကျင်းပ

Image may contain: 2 people, people sitting
မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် သြဂုတ်လ ၈ ရက် နံနက်ပိုင်း အချိန်ကစတင်ပြီး မြန်မာ့ရိုးရာအိုးပုတ်ပွဲတော်ကို အစဉ်လာမပျက် ကျင်းပခဲ့ကြသည် ။

မြန်မာ့ရိုးရာ အိုးပုတ်ပွဲတော်ကို ရှေးယခင် ကတည်းက နှစ်စဉ် မပျက် ကျင်းပခဲ့ကြပြီး ပွဲတော်တွင် ကလေးကစားစရာ အိုးပုတ်နှင့် မြေထည်ပစ္စည်းများကို ပြုလုပ်သည့် ဒေသများက လာရောက် ရောင်းချကြသည် ။
ရှေးယခင်က တောင်ပြုန်း ပွဲတော်သို့ ရွှေတချောင်းမြောင်းအတိုင်း လှေဖြင့်သွားသူများက အိုးဘိုရွှေကျင်ရပ်တွင် လှေဆိပ်အဖြစ်လှေများရပ်နားကြရာ ဈေးရောင်းသွားသူများထဲမှ အိုးပုတ်ဈေသည်များက ထိုနေရာတွင် လှေခေတ္တရပ်နား၍ ပါလာသည့်အိုးပုတ်များ ကိုခင်းကျင်း ရောင်းချကြသည် ။ ရပ်ကွက်နေထိုင်သူများထဲမှ စတတ်နောက်တတ်သူများက အိုးပုတ်ဝယ်ယူကြသည့်ပုံစံဖြင့် အိုးပုတ်ကို ခိုးယူသဖြင့် ``အိုးပုတ်ခိုး ပွဲ တော်´´ဟု ခေါ်ဝေါကြောင်း ဒေသခံများ က ပြောကြသည် ။
အိုးပုတ်ပွဲတော်သည် ယခင်က တစ်ညနေခင်းသာ ရောင်းချသည့် ပွဲတော် ဖြစ်ပြီး ယခုနောက်ပိုင်းတွင် လူသိများလာသည့် အတွက် အိုးပုတ် ရောင်းချသူများ အနေဖြင့် ပွဲတော်မတိုင်မီ ရက်များ ကတည်းက ကြိုတင်လာရောက် ရောင်းချလျက်ရှိကြသည် ။
အိုးပုတ်ပွဲတော်သည် တစ်နှစ်ထက် တစ်နှစ် လူစည်ကားလာသည့်အတွက် လောင်းကစားဝိုင်းများ လုပ်ကိုင်ခြင်း၊ဒုတ်၊ဓါး၊လက်နက်များ ကိုင်ဆောင်ခြင်း၊ခိုက်ရန် ဖြစ်ပွားခြင်း များ မပြုရန် အိုးပုတ်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက အသိပေးမှုများ ဆောင်ရွက်လျှက်ရှိသည် ။
Image may contain: 2 people, outdoor
Image may contain: 2 people, people smiling, people sitting
Image may contain: 2 people, people sitting
Image may contain: 2 people, shoes
Image may contain: 2 people, flower, plant and food
Image may contain: 1 person
Image may contain: 2 people, people sitting and hat
Image may contain: 1 person, food
Image may contain: 1 person, food and outdoor

0 comments:

Post a Comment