Sunday, August 18, 2019

မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေအမြင့် တစ်ပေခွဲကျော် စီးဆင်း

Image may contain: outdoor, nature and water
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင် တမံ ရေပိုလွှဲမှ ရေအမြင့် ၁ ဒသမ ၅၀ ပေ ရေကျော်ကျ စီးဆင်းလျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးသည် မကွေးတိုင်းဒေသကြီး ညွှန်ကြား ရေးမှူး ဦးသောင်းထိုက်၊ တည်ဆောက်ရေး(၃)ညွှန်ကြားရေးမှူး ဦးညွန့်ဌေး၊ မင်းဘူးခရိုင လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းတို့နှင့် အတူ မန်းချောင်းရေလှောင်တမံ သို့ ဩဂုတ် ၁၇ ရက် နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည် ဆည်တမံအတွင်း လှည့်လည်ကြည့်ရှုပြီး မန်းချောင်းရေလှောင်တမံ ရှင်းလင်းဆောင်တွင် ဆည်ရေဝင်ရောက်မှုအခြေအနေ၊ ပင်မရေပိုလွှဲအထက်မှ ၁ ဒသမ ၅၀ ပေ ရေကျော်နေမှု၊ မင်းဘူးမြို့နယ် (အိုင်းမရေလွှဲဆည်) နှင့် ငဖဲမြို့နယ်အတွက် မိုးသီးနှံစိုက်ပျိုးရေပေးဝေနေမှု၊ အရေးပေါ်အခြေအနေ ကြိုတင် စီမံခန့်ခွဲမှု စီမံချက်အဆင့် (၁) အရ အလံစိမ်းလွှင့်ထူ၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု နှင့် မျက်မြင်စစ်ဆေးမှုအရ တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ကြံ့ခိုင်မှု အခြေအနေတို့ကို လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ရှင်းလင်းတင်ပြသည်။

'ငဖဲမြို့နယ်ရှိ မန်းချောင်းရေ လှောင်တမံဟာ ဩဂုတ် ၁၇ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ရေအမှတ် ၆၂၆ ဒသမ ၅၀ ပေတွင်ရှိနေပြီး သုံးရက်အတွင်း မိုးရေချိန် ၀ ဒသမ ၁၅လက်မရရှိကာ ရေအမြင့်ဝ ဒသမ ၁၀ ပေခန့် လျော့ကျလျက်ရှိပါတယ်။ ဆည်ရေပြည့်အမှတ် ၆၂၅ ဒသမ ၀၀ ပေဖြစ်ပြီး ယခုရောက်ရှိ နေသော ရေကျော်အမှတ်မှာ ၆၂၆ ဒသမ ၅၀ ပေဖြစ်ကာ ရေပိုလွှဲမှရေအမြင့် ၁ ဒသမ ၅၀ ပေကျော် စီးဆင်းနေပါတယ်။ ယခုအခါ မိုးတိမ်များအနည်းငယ်ရှိနေသော်လည်း မိုးအနည်းငယ်သာ ရွာသွန်းခဲ့တဲ့ အတွက် ပဇီချောင်းရေနဲ့ ဆတ်သေချောင်းရေများ စီးထွက်မှုမရှိသေးပါဘူး။ ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အထက်အဆင့်ဆင့်သို့ နာရီစဉ် သတင်းပေးပို့ကာ အနီးကပ် တာဝန်ယူကြီးကြပ် လျက်ရှိပါတယ်။ မျက်မြင်စစ်ဆေးမှုအရ တမံနှင့် ဆက်စပ်အဆောက် အအုံများ ကြံ့ခိုင်ကောင်းမွန်ပြီး ထူးခြားမှုရှိပါက အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့၍ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲ မှုစီမံချက်အရ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်'ဟု မန်းချောင်းရေလှောင်တမံထိန်းသိမ်းရေးတာဝန်ခံ ဦးမောင်မောင်ဝင်းက ရှင်းလင်း တင်ပြသည်။
သတင်း၊ ဓာတ်ပုံ - သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment