Friday, August 9, 2019

ဘဏ္ဍာငွေသုံးစွဲမှုများကို အလေအလွင့်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် အဂတိတိုက်ဖျက်ရေးကော်မရှင်စစ်ဆေးမှုခံနေရသည့် ၀န်ကြီးဦးဝင်းခိုင်တိုက်တွန်း

ဘဏ္ဍာငွေသုံးစွဲမှုများကို အလေအလွင့်အနည်းဆုံးဖြစ် အောင် ဆောင်ရွက်ရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်၏စစ်ဆေးမှုခံနေရသော လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး  ဦးဝင်းခိုင်က တိုက်တွန်းသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်အနေဖြင့် တစ်လကျော်ကြာ လူမြင်ကွင်းတွင် ပျောက်ကွယ်နေ ပြီး ဩဂုတ် ၆ ရက်ကစတင်၍ ရုံးတက်ခဲ့သည်။ ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ရုံးတွင် ဩဂုတ် ၆ ရက်နှင့် ၇ ရက် ၌ ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။

‘နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍကို ဘတ်ဂျက်ပိုမို ခွဲဝေချထားပေးခဲ့၍ ၎င်းရရှိလာ သည့်ဘဏ္ဍာငွေ သုံးစွဲမှုများကို လည်း မှန်မှန်ကန်ကန်အကျိုးရှိရှိ သုံးစွဲပြီး လေလွင့်မှုအနည်းဆုံးဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း’ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသည်။
ယင်းအပြင် မိမိတို့လုပ်ငန်း များကို ဆောင်ရွက်ရာတွင် နိုင်ငံ တော်အစိုးရက ထုတ်ပြန်ထား သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ အဆင့်လိုက်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တ ကျဆောင်ရွက်ရန် လိုသည်ဟု ၎င်းက ထပ်လောင်းပြောသည်။
 ‘‘ပြည်ထောင်စုဝန်ကြီးက တစ်လခွင့်ယူထားတယ်။ အဲဒါ ကြောင့် ခွင့်ရက်စေ့လို့ရုံးပြန်တက် တာပါ’’ ဟု လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ဒုတိယအမြဲတမ်းအ တွင်းဝန် ဦးစိုးမြင့်က ပြောသည်။
ပြည်ထောင်စုဝန်ကြီးဦးဝင်း ခိုင်နှင့်၎င်း၏ဇနီး ငွေစာရင်းအချက်အလက်များကို ဗဟို ဘဏ်ကစစ်ဆေးပြီး အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်က ထပ်ဆင့်စစ်ဆေးနေသည်။
 အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ပြည် ထောင်စုဝန်ကြီးဦးဝင်းခိုင်အပြင် ဒုဝန်ကြီးဒေါက်တာထွန်းနိုင်နှင့် ၎င်း၏ဇနီးငွေစာရင်းများကိုပါ စစ်ဆေးနေသည်။
 စစ်ဆေးပေါ်ပေါက်ချက် များကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က အချိန်တန် လျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ဩဂုတ် ၂ ရက်တွင် ပြော ကြားထားသည်။
7Day

0 comments:

Post a Comment