Thursday, August 8, 2019

ခြေဥအစီရင်ခံစာ ယနေ့လွှတ်တော် အဆုံးအဖြတ်ရယူမည်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် အကြံပြုချက် ၃,၇၀၀ ကျော်ပါဝင်သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော် မတီ၏ အစီရင်ခံစာကို အတည်ပြု၊မပြု ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ခံယူ မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ပြောသည်။

ပူးပေါင်းကော်မတီ၏ အစီ ရင်ခံစာအပေါ် လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးချက် များကို ကော်မတီက ပြန်လည် ရှင်းလင်းရန်ရှိပါက ရှင်းလင်းခြင်း နှင့် အစီရင်ခံစာကို လွှတ်တော်က သဘောတူရန် အဆုံးဖြတ်ယူခြင်း တို့ကို ဆောင်ရွက်ရေး သြဂုတ် ၉ ရက် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး အစီအစဉ်လျာထား ချက်တွင် ပါရှိသည်။ 
‘‘မနက်ဖြန် (သြဂုတ် ၉ ရက်)တော့ ကျွန်တော်တို့အစီရင်ခံစာ ကို ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူဖို့ ရှိပါလိမ့်မယ်။ ပြည်ထောင်စုလွှတ်တော်က ဒီအစီရင်ခံစာကို အတည်ပြုပြီးရင် ဒု တိယပိုင်းအနေနဲ့ ၄၅ ဦးကော်မ တီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းပေါ် ပေါက်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်’’ဟု အခြေခံဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီဝင် ဒီချုပ် အမတ်ဦးတင်သစ်(ခ)မောင်ရည် မွန်က ပြောသည်။
ပူးပေါင်းကော်မတီ၏ အစီ ရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များ သည် အခြေခံဥပဒေနှင့် ညီညွတ် ခြင်းမရှိ၍ သဘောမတူကြောင်း တပ်မတော်က အစီရင်ခံစာတင် စဉ်ကပင် သီးခြားသဘောထား မှတ်ချက်ပေးထားသည်။ သို့သော်  အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေး နွေးချိန်တွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ဆွေး  နွေးခြင်း မရှိပေ။
ဒီချုပ်ပါတီဝင်များနှင့် တိုင်း ရင်းသားပါတီများမှ ကိုယ်စား လှယ်အများစုက ယခုပူးပေါင်း ကော်မတီအစီရင်ခံစာကို အတည်ပြုရန် ထောက်ခံထားပြီး ပြည်ခိုင် ဖြိုးကိုယ်စားလှယ်များကမူ အခြေ ခံဥပဒေပြင်ဆင်ရန် ပူးပေါင်း ကော်မတီဖွဲ့စည်းခြင်းသည် အ ခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် မညီဟုဆိုကာ အစီရင်ခံစာကို ပယ်ဖျက်သင့်ကြောင်း တိုက်တွန်း ထားသည်။
သို့သော် လက်ရှိလွှတ်တော် တွင်း ကိုယ်စားလှယ်အများစုသည် ဒီချုပ်ပါတီဝင်များဖြစ်၍ အစီရင် ခံစာကို အတည်ပြုနိုင်ရေး မဲခွဲဆုံး ဖြတ်မည်ဆိုပါက အာဏာရပါတီ ၏ သဘောထားအတိုင်းသာ အ တည်ဖြစ်ဖွယ်ရှိနေသည်။
အစီရင်ခံစာကို လွှတ်တော် က အတည်ပြုပြီးပါက ပူးပေါင်း ကော်မတီအနေဖြင့် ပြည်ထောင် စုအစိုးရအဖွဲ့၊ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ လွှတ်တော်ဥက္က ဋ္ဌများ၊ တိုင်းရင်းသားရေးရာ ၀န် ကြီးများနှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါ တီများ၊ ဥပဒေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် ဆက်လက် ရေးဆွဲရန် စီစဉ်ထားသည်။ 
7Day

0 comments:

Post a Comment