Tuesday, August 13, 2019

ရဲစခန်းပတ်လည်က ဆိုင်ခန်းများ စစ်ကိုင်းတိုင်းတခုတည်းတွင် ဖယ်ရှားပါက လက်မခံ

NLD representatiive meet people 1
ရဲစခန်းပတ်လည်က တိုက်တန်းဈေးဆိုင်ခန်းတွေကို ဖယ်ရှားတော့မယ်ဆိုတာနဲ့ ပတ်သက်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေမှာ မလုပ်ဘဲ စစ်ကိုင်းတိုင်းမှာသာ  လုပ်မယ်ဆိုရင် လုံးဝ လက်မခံနိုင်ဘူးလို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရဲစခန်းတွေရဲ့ ဝင်းမျက်နှာစာ ပတ်လည်တွေမှာ ဝန်ထမ်းသက်သာဆိုပြီး ဈေးဆိုင်ခန်းတွေကို အငှားစာချုပ်တွေနဲ့ တရားဝင်ခွင့်ပြုခဲ့တာပါ။
ဒါပေမယ့် လတ်တလောမှာတော့ ၁၉၅၅ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၃ အရ ရှင်းလင်းဖယ်ရှားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး သြဂုတ် ၁၂ ရက်နေ့က မုံရွာမြို့၊ မြို့တော်ခန်းမမှာ တိုင်းအစိုး၊ လွှတ်တော်နှင့် ပါတီ၊ လူထုတွေ့ဆုံပွဲမှာ ရဲတိုက်တန်း ငှားရမ်းနေထိုင်သူတဦးကမေးမြန်းမှုအပေါ် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သူများတိုင်းတွေ မလုပ်ဘဲ စစ်ကိုင်းတိုင်းကိုသာ လုပ်မယ်ဆိုရင် လုံးဝ လက်မခံနိုင်ဘူးလို့ ပြန်လည်ပြောကြားခဲ့တာပါ။
“ခင်ဗျားတို့လည်း သိပြီးပြီနော်။ ကျနော်တို့တိုင်းကို ကျနော် သေချာလုပ်မှာ။ သူများတိုင်းတွေ မလုပ်ဘဲနဲ့ ကျနော်တို့တိုင်းတင် လုပ်ရင် ကျနော် လုံးဝ လက်သင့်မခံဘူး”လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။
မြို့နယ်တိုင်းလိုလိုမှာ ရှိနေတဲ့ ရဲတိုက်တန်းတွေမှာ ၂၀၁၃ ခုနှစ်ကတည်းကစတင်ကာ သက်သာဆိုင်ခန်းတွေက ဆိုင်ခန်းငှားရမ်းခ ကောက်ခံတာ မရှိတော့တဲ့အပြင် ဖယ်ရှားပေးကြဖို့ ညှိနှိုင်းခဲ့ပေမယ့် ဆိုင်ခန်းငှားရမ်းသူတွေက စုပေါင်းလက်မှတ်ရေးထိုးကာ အသနားခံစာ တင်ထားခဲ့တာကြောင့် အခုအချိန်ထိ ကြာနေတာ ဖြစ်ပါတယ်။ 
လက်ရှိမှာ ဒီဆိုင်ခန်းတွေကြောင့် စားဝတ်နေရေး အဆင်ပြေနေကြတဲ့အတွက် တိုင်းအစိုးရကနေ ထပ်မံကာ အသနားခံစာ တင်ပေးဖို့ကို မုံရွာရဲတိုက်တန်းမှာ ငှားရမ်းနေထိုင်သူတဦးက တွေ့ဆုံပွဲမှာ ပြောပါတယ်။
မုံရွာရဲတိုက်တန်းမှာ ဆိုင်ခန်းငှားရမ်းထားသူ ဦးရေချမ်းက “ရဲတိုက်တန်းက မုံရွာတင်မကပါဘူး။ ရွှေဘို၊ ရေဦး၊ တန့်ဆည် အားလုံးကလည်း စိတ်သောက ရောက်နေကြပါတယ်။ ၁၉၅၅ ဆိုတဲ့ အစိုးရဥပဒေကို အသုံးပြုပြီးတော့ ကျနော်တို့ကို ခွေးမောင်းသလို၊ ခွေးလေခွေးလွင့် မောင်းသလို မောင်းချတော့မှာပါ။ အဲဒီတော့ ကျနော်တို့အနေနဲ့က နိုင်ငံတော်အတိုင်ပင်ခံ မိန့်ကြားထားသလို မတရားမှုတွေ၊ ကိုယ်ပြောချင်တာတွေကို ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်ကနေတဆင့် တင်ပြလို့ရပါတယ်ဆိုလို့ လာပြီးတင်ပြတာပါ”လို့ ပြောပါတယ်။
ဒီဈေးဆိုင်ခန်းတွေကို ဝန်ထမ်းသက်သာအတွက် အစိုးရနဲ့ နှစ် ၃၀ အငှားနဲ့ ချထားပေးခဲ့တာလို့ သိရပါတယ်။ ဒီကိစ္စကို ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနကို တိုင်းအစိုးရကတဆင့် စာချွန်တော်တက်လို့ရမရကို မေးမြန်းပေးမယ်လို့လည်း လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက”ကျနော်တို့လည်း မထုတ်ချင်ဘူး။ အစိုးရတဖွဲ့လုံး ဘယ်သူ့လိုက်မေးမေး ထုတ်ချင်တယ်ဆိုတဲ့သူရှိရင် လည်လှီးပစ်လိုက်။ ဘယ်သူမှမလုပ်ချင်ဘူး။ ဒါက နိုင်ငံရေးအရ Flow တခုဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဆရာတို့ဘက်က ဆိုင်းငံ့စေချင်တဲ့ ကာလ၊ စာချွန်တော်တက်ချင်တဲ့ကိစ္စ ပြည်ထောင်စုကို မေးပေးပြီးရင် တက်လို့ရတယ်ဆိုရင် နစ်နာသူကိုယ်တိုင် စာချွန်တော်တက်။ စာချွန်တော်အရ ကျလာတဲ့အမိန့်ကို တိုင်းအစိုးရက ဆောင်ရွက်ပေးမယ်”လို့လည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
လတ်တလောမှာတော့ မုံရွာ ရဲတိုက်တန်းက ဆိုင်ခန်းတွေအခြေအနေ မသိရသေးပေမယ့် ရေဦး၊ ရွှေဘို၊ တန့်ဆည်၊ စိုင်ပြင်၊ အရာတော်၊ ကသာမြို့ စတဲ့မြို့နယ်တွေက ဆိုင်ခန်းတွေကိုလည်း အပြီးသတ်ထွက်ခွာပေးရမယ့် ရက်ကို စာထွက်ထားပြီ းဖြစ်တယ်လို့ သိရပါတယ်။ 
ဆိုင်ခန်းပိုင်ရှင်တွေကတော့ ဝန်ထမ်းသက်သာ မရှိတော့ရင်လည်း ကျသင့်တဲ့ နှုန်းထားအတိုင်း နိုင်ငံတော်ကို ပေးသွင်းပြီး ဆက်လက်နေထိုင်ခွင့်ပြုဖို့သာ လိုလားနေကြပါတယ်။
NLD representatiive meet people 02
NLD representatiive meet people 2
NLD representatiive meet people 3
NLD representatiive meet people 4
NLD representatiive meet people 5
DVB

0 comments:

Post a Comment