Monday, August 12, 2019

တောင်ပြိုမှုရှာဖွေရေးလုပ်ငန်း ယနေ့ပြီးစီးနိုင်ဟုဆို ရှာဖွေရေးလုပ်ငန်းများပြီးစီးအောင်လုပ်မည်ဟု ပြည်နယ်မီးသတ်ဒုတိယဦးစီးမှူးပြော

မလတ်တောင်ပြိုကျ၍ ပျောက်ဆုံးနေသူများကို ရှာဖွေ ရေးလုပ်ငန်းသည် ၈၀ ရာခိုင်နှုန်း ခန့်ပြီးစီးပြီဖြစ်၍ ရှာဖွေရေးလုပ်ငန်းများ ယနေ့ပြီးစီးနိုင်ကြောင်း ပေါင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မိကွန်ချမ်းကပြောသည်။

‘‘မနက်ဖြန်တစ်ရက်ထပ်ပြီး ပြန်ဖော်မယ်။ မနက်ဖြန်တစ်ရက် ပြန်ဖော်ပြီးသွားရင် ရှင်းလင်းရေး ပဲလုပ်တော့မယ်’’ ဟု မိကွန်ချမ်း က ယမန်နေ့တွင် ပြောသည်။
မွန်ပြည်နယ် မီးသတ်ဦးစီး ဌာန ဒုပြည်နယ်ဦးစီးမှူးဦးတင်ဦး က ‘‘ကျွန်တော်တို့ကတော့ ရှာဖွေ ရေးလုပ်ငန်းကို ပြီးအောင်ဆက် လုပ်မယ့်အနေအထားရှိတယ်။ တောင်ပြိုတဲ့နေရာကို မီးသတ်က တော့ မီးသတ်အပိုင်းဦးဆောင်ပြီး လုပ်တာပါ။ လွှတ်တော်ကိုယ်စား လှယ်မိကွန်ချမ်းက အစ၊အဆုံး အဲဒီနေရာမှာရှိပါတယ်။ အစိုးရ အဖွဲ့ဝန်ကြီးတွေလည်း ဒီနေ့လာ ပါတယ်။ ကျွန်တော်တို့ဌာနက ညွှန်ကြားချက်ကတော့ သဘာဝ ဘေးဖြစ်ရင် ဘယ်သူ့အမိန့်မှ စောင့်စရာမလိုဘူး။ ချက်ချင်း ဆောင်ရွက်ရတယ်။ တောင်ပြိုတဲ့ နေရာကို ဆက်လုပ်မယ်။ မနက် ဖြန် ပြီးနိုင်တယ်လို့ ယူဆလို့ မိကွန်ချမ်းက ပြောတာပါ။ ရှာဖွေ ကယ်ဆယ်လုပ်တာ တော်တော် လေးပြီးနေပါတယ်။ မြေလုပ်ငန်း ပဲကျန်တော့တယ်။ ရှာဖွေရေးအ ပိုင်းက ၈၀ ရာခိုင်နှုန်းလောက် ရှာပြီးပါပြီ’’ ဟု ပြောသည်။

ဩဂုတ် ၉ ရက်နံနက်တွင် မလတ်တောင်ပြိုကျမှုကြောင့် ရှာ ဖွေရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ အခင်းဖြစ်ပြီးလေးရက်ကြာ  ဩဂုတ် ၁၂ ရက်ညနေအထိ ရုပ် အလောင်း ၅၉ လောင်းတွေ့ရှိ ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ် ပြန်ထားသည်။ သို့သော် မွန်ပြည် နယ်အစိုးရအဖွဲ့ရုံးစာရင်းတွင် ဩဂုတ် ၁၂ ရက်နေ့လယ်အထိ ၆၄ ဦး၏ရုပ်အလောင်းများတွေ့ရှိ ထားကြောင်း ဖော်ပြထား၍ စာ ရင်းနှစ်ခုကွာဟနေသည်။
မြေပြိုသည့်နေရာတွင် အိမ်၂၇ လုံး ပြိုကျပျက်စီးပြီး ထိုအိမ်ခြေထဲတွင် လူ ၁၆၉ဦးရှိကြောင်း၊
သေဆုံးသူ ၆၄ ဦးရှိပြီး အသက်ရှင်သူ ၈၇ ဦးတွင်  ဆေးရုံတက်လူနာ ၂၉ ဦးရှိကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၆၄ ဦးအနက် ရွာခံမဟုတ်သည့် ရုပ်အလောင်းရှစ်လောင်း ရရှိထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးစာရင်း၌ ဖော်ပြထားသည်။
ထို့ကြောင့် သဲဖြူကုန်းကျေး ရွာမှ ပျောက်ဆုံးနေသူအနည်း ဆုံး ၂၆ ဦးရှိသည်။ ထို့အပြင် ကားလမ်းရေကျော်၍ ရပ်နားထား သောကားပေါ်မှ လူများနှင့် ရေ ကြီးသဖြင့် တိမ်းရှောင်နေသူအချို့ အရေအတွက်ကို မသိရှိရသဖြင့် ပျောက်ဆုံးသူအရေအတွက် ပိုများနိုင်ပြီး ခန့်မှန်းမရကြောင်း ရှာဖွေရေးလုပ်ကိုင်နေသူများက ပြောသည်။

7Day

0 comments:

Post a Comment