Sunday, August 11, 2019

ရေဘေးနှင့် မြေပြိုမှုကြောင့် ပြည်သူငါးသောင်းကျော်တိမ်းရှောင် အရေးပေါ်အကူအညီများလိုအပ်၊ ရေဘေးသင့်ဒေသများ ဆက်လက်မိုးကောင်းနိုင်

တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ရေကြီးမှုနှင့်  မြေပြိုမှုများကြောင့် မြို့နယ် ၂၄ မြို့နယ်၌ ဘေးသင့်သူဦးရေငါးသောင်းကျော်သည် နေအိမ်များမှ တိမ်းရှောင်နေပြီး ဒေသအချို့တွင် ကယ်ဆယ်ရေးပစ္စည်းများအရေး  ပေါ်လိုအပ်နေကြောင်း အစိုးရဌာနတာဝန်ရှိသူများနှင့်လူမှုကူညီ ရေးအဖွဲ့များက ပြောသည်။
ကရင်ပြည်နယ်နှင့် ပဲခူး တိုင်းတွင် ရေဘေးကြုံတွေ့နေပြီး  တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်  တွင် ရေဘေးမြေပြိုမှုဘေးပါကြုံ တွေ့နေခြင်းဖြစ်သည်။

အရေးပေါ်အကူအညီ လိုအပ်နေသည့် ဒေသများ
မွန်ပြည်နယ်
မွန်ပြည်နယ်တွင် မြို့နယ် ခြောက်ခု၌ ရေဘေးနှင့် မြေပြိုမှု ဘေးကြုံတွေ့နေပြီး တောင်မြေ ပြို၍ လူအများအပြားသေဆုံးခဲ့ သောပေါင်မြို့နယ်သဲဖြူကုန်း ကျေးမှ ဘေးသင့်သူများသည် ပြန်လည်ထူထောင်ရေးအတွက်  ငွေကြေးအကူအညီ အဓိကလို အပ်နေသည်ဟု လူမှုကူညီရေး  အဖွဲ့များကပြောသည်။

‘‘စီးပွားပျက်သွားကြတာ။  သူတို့မှာ ဘာမှမကျန်ခဲ့ဘူး။ အ ကူအညီပေးကြမယ်ဆိုရင် ငွေ ကြေးကအဓိကပဲ’’ ဟု တောင် မြေပြိုသည့် ဖြစ်စဉ်တွင်  ဒဏ်ရာ  ရသူများအား ဆေးရုံသို့သွား ရောက် ကူညီခဲ့သည့်ကိုအောင်  မျိုးသူကပြောသည်။
လတ်တလောတွင် ရေကြီး နစ်မြုပ်မှုကြုံတွေ့နေသော ရေးမြို့ နယ်အတွက် အသက်ကယ်အင်္ကျီ  များနှင့် လှေများလိုအပ်နေသည်  ဟု မွန်ပြည်နယ်၊   ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိ  သူတစ်ဦးကပြောသည်။ မွန် ပြည်နယ်တစ်ခုလုံးတွင် ရေဘေး သင့် လူဦးရေ ၁၄,၀၀၀ ခန့်ရှိနေ သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့်အဖွဲ့က ရေဘေးကြုံတွေ့နေရသော ရေးမြို့နယ်ရှိ ရေးဘေးသင့်ပြည်သူများ အတွက် ဆန်အိတ် ၂၀၀နှင့် လူတစ်ဦးလျှင် တစ်ပတ်စာ ရိက္ခာအတွက်  ခေါက်ဆွဲခြောက်နှင့် ငါးသတ္တာတို့ ထောက်ပံ့ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ကရင်ပြည်နယ်
ကရင်ပြည်နယ်တွင် ဘားအံ မြို့အပါအ၀င် မြို့နယ် ခြောက်ခု  ၌ လူဦးရေ ၁၆,၀၀၀ နီးပါးရေ ဘေးကြောင့် တိမ်းရှောင်နေရပြီး  အဆိုးရွားဆုံးဒေသဖြစ်သည့် ကြာ  အင်းဆိပ်ကြီးမြို့နယ်ဖြစ်သည်။    ကြာအင်းဆိပ်ကြီးမြို့နယ်သည်  ရေဘေး ကြုံတွေ့နေသည်မှာ  ဆယ်ရက်ကျော်လာပြီဖြစ်ပြီး အ ၀တ်အထည်၊ စားသောက်ကုန် ခြောက်နှင့် ရေသန့်လိုအပ်နေ ကြောင်းဒေသတွင်း လူမှုကူညီရေး  အဖွဲ့မှ ကိုနိုင်လင်းအောင်က ပြောသည်။ ကြာအင်းဆိပ်ကြီး မြို့နယ်သို့ ကရင်ပြည်နယ်အ စိုးရအဖွဲ့ယနေ့သွားရောက်မည် ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး
မိုးကောင်းနေသောတနင်္သာ ရီတိုင်းဒေသကြီးတွင် ရေဖြူ၊  လောင်းလုံး၊ ပုလော၊ တနင်္သာရီ  နှင့် မြိတ်မြို့နယ်တွင် ရေဘေးနှင့် မြေပြိုမှု ဘေးကြုံတွေ့နေပြီး လောင်းလုံးမြို့နယ်သည်ကျန်ဒေ သများထက် မြေပြိုမှုဘေးကြုံ တွေ့နေသည်။ ဒေသတွင်းရေ ဘေးကြောင့် လူဦးရေလေး ထောင်ခန့်ကို ဘေးလွတ်ရာသို့  ပြောင်းရွှေ့ထားရသည်။

ပဲခူးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီးအတွင်း  ပဲခူး၊ ကျောက်ကြီး၊ မိုးညို၊ က၀၊  သနပ်ပင်၊ မဒေါက်၊ ဝေါနှင့်ရွှေ ကျင်မြို့နယ်တွင် လူဦးရေ ၂၂,၀၀၀ ခန့်ရေဘေးကြောင့် တိမ်းရှောင်နေရသည်။ ရေကြီး  နစ်မြုပ်မှုကာလရှည်ကြာနေသည့်  မဒေါက်မြို့တွင် အ၀တ်အထည်၊   စားသောက်ကုန်နှင့် ရေသန့်လို အပ်လျက်ရှိကြောင်းလူမှုကူညီ  ရေးအဖွဲ့များကပြောသည်။

ရေဘေးသင့်ဒေသများတွင် မိုးဆက်ကောင်းနိုင်
လက်ရှိရေဘေးကြုံတွေ့နေ သောဒေသများအနက်မွန်ပြည် နယ်နှင့် တနင်္သာတိုင်းဒေသကြီး  တွင် စက်တင်ဘာအထိ ပုံမှန်အ  ထက်မိုးပိုကောင်းနိုင်၍ ရေကြီး  နစ်မြုပ်မှုဘေးနှင့် မြေပြိုမှုဘေး ကို ဆက်လက်သတိပြုနေထိုင်ရန်  မိုးလေသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

‘‘အခုမိုးရွာနေတယ်ဆိုတာ မုတ်သုံးမိုးပဲ။ မုတ်သုံအားကောင်း  နေတာကနေ အားအလွန်ကောင်း  တယ်ဆိုတာက အမြင့်ဆုံးအဆင့် ပဲ။ မုတ်သုံကောင်းရင် မိုးအရမ်း များတာမွန်၊ ကရင်နဲ့တနင်္သာရီ ဒေသတွေပဲလေ။ တောင်တန်း တွေရှိတော့နေရာကွက်ပြီး မိုးအ များကြီးရွာတာ။ မိုးကလည်း သြဂုတ်လက်ကျန်ကာလရော စက်တင်ဘာအထိပါပုံမှန်ထက် ကောင်းနေဖို့ရှိတယ်။ ဒေသခံ တွေအနေနဲ့ကမိုးလေ၀သတင်း တွေကို သေချာဂရုတစိုက်နား ထောင်းပြီးညွှန်ကြားချက်တွေကို လိုက်နာကြဖို့လိုပါတယ်’’ ဟု ဒေါက်တာထွန်းလွင်ကသတိပေး  သည်။
လက်ရှိ ရာသီဥတုအခြေအ နေအရပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မကွေးနှင့် တနင်္သာရီတိုင်းဒေသ ကြီး၊ ကရင်နှင့် ရခိုင်နှင့် မွန်ပြည် နယ်တွင် မိုးကြီးနိုင်ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။ ရေဘေးသင့်ဒေသများတွင် မိုးအားအနည်းငယ် လျော့သွားသော်လည်းသြဂုတ်  ၁၁ ရက်ကမြို့နယ် ၁၇ခုတွင် မိုးရေချိန်ပုံမှန်ထက်ပိုခဲ့သည်။
တောင်မြေပြိုမည့်အန္တရာယ် သတိပေး
မွန်ပြည်နယ်နှင့် တနင်္သာရီ ဒေသတွင် ရှိနေသောတောင်တန်း   များသည် မီးသင့်ကျောက်အမျိုး  အစားတွင် ပါဝင်သော Granite  ဟုခေါ်သည့်ကျောက်အမျိုးအ စားဖြစ်ပြီး မုံမှန်ထက်မိုးများပါက ပြိုကျလွယ်သည်ဟု ဘူမိဗေဒ ပညာရှင်များသတိပေးသည်။

‘‘Granite (နှမ်းဖက်ေ်ကျာက် ကျောက်သဘာဝက မာတယ်။ မိုးရေတိုက်စားပြီး ကြာလာရင်ပြိုပျက်လွယ်တယ်။  ဒါကြောင့် တနင်္သာရီနဲ့ မွန်ဒေသမှာ အခုလိုမိုးဆက်ကောင်းနေရင် သတိထားဖို့လိုနေတယ်’’ ဟု ဘူမိဗေဒပညာရှင်ဒေါက်တာကျော်ထွန်းကပြောသည်။
ပြည်သူ့လွှတ်တော် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းကလည်း မွန်ပြည် နယ်  နှင့် တနင်္သာရီတိုင်းဒေသကြီး တွင် ရှိနေသော တောင်တန်းများ  ၏ ကျောက်သားအခြေအနေ သည် မိုးရေချိန်များပါက ပြိုကျ မည့်အန္တရာယ်ရှိနိုင်၍ ဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး   အစီအမံများလိုအပ်နေသည်ဟု  သတိပေးသည်။
 ‘‘မိုးဆက်ကောင်းနေရင် တောင်ခြေတွေမှာ နေသူတွေ ခဏရွှေ့ထားတာက အကောင်း  ဆုံးပဲ။ သေချာစိစစ်ပြီးတော့ပေါ့။   သဘာဝမြေနေရာအနေအထား အရမွန်ပြည်နယ်ထက် စာရင် တနင်္သာရီက မိုးတွေဆက်ကောင်း  နေရင် ဒီထက်ဆိုးတဲ့အခြေအနေ  မျိုးတွေဖြစ်နိုင်တယ်။ အန္တရာယ် တော့ရှိတယ်’’ ဟု သတိပေးသည်။
မြေပြိုကျမှုဖြစ်ခဲ့သည့်ပေါင် မြို့နယ်၊ သဲဖြူကုန်းကျေးရွာအနီး  ပတ်ဝန်းအား Drone ဖြင့်လေ့လာ  တိုင်းတာရာ နောက်ထပ်မြေပြို ကျနိုင်သည့် အက်ကြောင်းများ  တွေ့ရှိထားပြီး ဘေးထပ်မံမကြုံ စေရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ပြည်နယ်အ စိုးရထံတင်ပြသွားမည်ဟု ပေါင် မြို့နယ်ပြည်သူလွှတ်တော်ကိုယ် စားလှယ်မိကွန်ချမ်းက ပြော သည်။
ထပ်မံရရှိသော သတင်းအရမလတ်တောင် မြေပြိုမှုမှ ရှာဖွေကယ်ဆယ်ရေး လုပ်ကိုင်သူများမှာ ည ၇ နာရီ ၂၀ မိနစ်တွင် အလောင်းတစ်လောင်းထပ်မံတွေ့ရှိသည်။ထို့ကြောင့် ၅၃ လောင်း ရှာတွေ့ပြီဖြစ်သည်။
7Day

0 comments:

Post a Comment