Thursday, August 8, 2019

ရန်ကုန်တိုင်းအတွင်း ဘေးတွဲဆိုင်ကယ်အားလုံး ဖမ်းဆီးသွားမည်

ရန်ကုန်တိုင်းတခုလုံးက ဘေးတွဲဆိုင်ကယ်တွေ အားလုံးကို ဖမ်းဆီးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။

ဘေးတွဲဆိုင်ကယ်တွေဟာ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင် ခွင့်ပြုမထားသလို ခံနိုင်ဝန်စစ်ဆေးထားတာလည်း မရှိတဲ့အတွက် အန္တရာယ်များတဲ့ ယာဉ်အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလန်ကျင့်မန်က “၃၁ ရက်နေ့အထိဆိုရင် မော်တော်ဆိုင်ကယ် ဘေးတွဲတွေ ၂၄၈ စီး ဖမ်းဆီးပြီး ဖြစ်ပါတယ်။ ဒဏ်ငွေရိုက်ပြီးတာ ၁၄၉ စီး၊ ကျန်တာ ၉၉ စီး ရှိပါတယ်။ အဲဒါတွေက တော်တော်အန္တရာယ်ရှိ ပါတယ်။ စီးတဲ့ ပါစင်ဂျာရော၊ ဘေးက ကားတွေအတွက်ရော တော်တော် အန္တရာယ်ရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေပါ။ အားလုံးကို ဖမ်းဖို့ ကျနော်တို့ ညှိနှိုင်းပြီး ဖြစ်ပါတယ်။ တရားဝင် ခွင့်ပြုချက် မရတဲ့ဟာတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာ ဘေးတွဲဆိုင်ကယ်တွေကို စီမံချက်နဲ့ဖမ်းဆီးနေပြီး ဇူလိုင်လကုန်အထိ စီးရေ ၂၅၀ လောက် ဖမ်းဆီးအရေးယူထားပါတယ်။
DVB

0 comments:

Post a Comment