Tuesday, August 6, 2019

၁၂ နာရီအတွင်း အားကောင်းမုန်တိုင်းငယ်အဖြစ် ရောက်နိုင်၊ လေယာဉ် ရေယာဉ်များကို သတိပေး


ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဘလာဆောမြို့ (Blasore) အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးဇလက ဒီနေ့ ထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိသေးလို့ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။
မုန်တိုင်းငယ်ရဲ့ ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီကို ၄၅ မိုင်နှုန်း ဖြစ်ပါတယ်။
မုန်တိုင်းငယ် (Depression) ရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်း အောက်ပိုင်းမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းမှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက် မိုးကြီးပြီး လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေခန့်၊ ရေပြင်/မြေပြင်လေဟာ ၁ နာရီကို မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တပြက်ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု၊ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။
ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုကြဖို့လည်း အကြံပြုထားပါတယ်။

DVB

0 comments:

Post a Comment