Thursday, August 8, 2019

၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီ၊ ဥပဒေကြမ်းဆက်လက်ရေးဆွဲမည်

No photo description available.
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ယနေ့ကျင်းပပြုလုပ်နေသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

အစီရင်ခံစာကို ထောက်ခံသူ လွှတ်တော်ကိုယ်စားလှယ် ၄၀၁ မဲ ရှိခဲ့သည်။
အလားတူ ကန့်ကွက်မဲ ၁၉၇ မဲ ရှိခဲ့သည်။
ယင်းအတွက် ထောက်ခံသူများသောကြောင့် အစီရင်ခံစာကိုအတည်ပြုကြောင်း လွှတ်တော်နာယကက ကြေညာခဲ့သည်။
ကော်မတီ ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးက ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ကန့်ကွက်သူရှိသလို ထောက်ခံသူများလည်းရှိခဲ့သည်။ အကြံပြုဆွေးနွေးသူများလည်းရှိကြသည်။
ယင်းဆွေးနွေးချက်များအပေါ် ကော်မတီအနေဖြင့် မှတ်ချက်ပြုရန်မရှိကြောင်း ၊ မှတ်သားထားကြောင်းနှင့် ဥပဒေကြမ်းရေးဆွဲရေးကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူက ပြောကြားခဲ့သည်။
No photo description available.
သတင်းတမန်

0 comments:

Post a Comment