Wednesday, August 7, 2019

မက္ကဆီကိုတွင် ဒင်္ဂါးပြားထုတ်သည့်စက်ရုံကို ဓားပြများ စီးနင်းပြီး ရွှေဒင်္ဂါးများလုယက်

မက္ကဆီကိုနိုင်ငံမှာ သြဂုတ် ၆ ရက် မနက်ပိုင်းက အစိုးရပိုင် ဒင်္ဂါးပြားထုတ်လုပ်တဲ့ စက်ရုံထဲကို လက်နက်ကိုင် ဓားပြတွေ ဝင်ရောက်စီးနင်းပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲကျော် တန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးတွေကို လုယက်သွားတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ဓားပြနှစ်ယောက်မှာ တယောက်က သေနတ်ကိုင်ထားပြီး သူတို့ဟာ လုံခြုံရေးအစောင့်ကို သေနတ်နဲ့ ခြိမ်းခြောက်ကာ မြေကြီးပေါ် ဝပ်ခိုင်းခဲ့ပါတယ်။
အဲဒီနောက် စက်ရုံအဆောက်အအုံထဲကို ဝင်စီးပြီး ဓားပြတယောက်က မြေအောက်အလုံခန်းထဲက ရွှေဒင်္ဂါး ၁၅၆၇ ခုကို ကျောပိုးအိတ်ထဲ အပြည့်ထည့် သယ်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆန်တန်နာရီယိုစ်လို့ လူသိများတဲ့ အဲဒီရွှေဒင်္ဂါးပြားတွေဟာ စပိန်ဆီကနေ မက္ကဆီကို လွတ်လပ်ရေးရတဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၂၁ ခုနှစ်မှာ သွန်းလုပ်ခဲ့တာပါ။
လုံခြုံတဲ့နေရာအဖြစ် အချိန်အတော်ကြာ သတ်မှတ်ထားတဲ့ မက္ကဆီကိုစီးတီးမှာ လူသတ်ဖြတ်မှုနှုန်း စံချိန်တင် မြင့်တက်နေပြီး လုံခြုံရေး အားနည်းတာကြောင့် ရာဇဝတ်မှုတွေလည်း တဖြည်းဖြည်း ပိုများလာနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
DVB

0 comments:

Post a Comment