Tuesday, August 13, 2019

မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူနေသူ မြတ်သူသူဇင်

Image may contain: 1 person, smiling, standing
ကြီးမြတ်သောမြန်မာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရတာ အနုပညာလုပ်ခွင့်ရတာထက် ဂုဏ်ယူတဲ့စိတ်ပိုများပါတယ် လို့ သရုပ်ဆောင် မြတ်သူသူဇင် က ဖွင့်ဟပြောပြခဲ့ပါတယ်....။

ုမြတ်သူတို့ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ရိုက်ခဲ့တဲ့ဇာတ်ကားပာ...ဒီဇာတ်ကားမှာ မြတ်သူက ကျန်စစ်သားမင်းကြီးရဲ့ မိဖုရားတစိပားအနေနဲ့ သရုပ်ဆောင်ခဲ့တာပာ...။
ဇာတ်ကားမှာပါဝင်ရိုက်ကူးခွင့်ရတာကိုက အနုပညာအလုပ်အတွက်နေရာရခြင်းမရခြင်းထက် ဂုဏ်ယူတဲ့စိတ်ဖြစ်တာပါပဲ...။
ဒီဇာတ်ကားက အချစ်ဇာတ်ကား၊ဟာသဇာတ်ကားဆိုတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံသမိုင်းကြောင်းကို သိရမယ်... ဗုဒ္ဓဘာသာကိုးကွယ်သူတွေအတွက် ကိုယ့်ဘာသာတရားရဲ့သမိုင်းကြောင်းကို သိရမယ် ကိုယ်ကိုးကွယ်နေတဲ့ဘာသာက ဘယ်ကနေစခဲ့တာလဲဆိုတာကိုသိခွင့်ရမယ့်အတွက် ဗဟုသုတတွေအများကြီးရမယ်...ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ...ဒီဇာတ်ကားကို စရိုက်တုန်းက ဒီလို 3D ရုပ်ရုင်ဇာတ်ကားကြီးလို့တောင် မသိခဲ့ပါဘူး ...လူထောင်ပေါင်းများစွာနဲ့ ရိုက်ကူးရတယ်...ခမ်းခမ်းနားနားကို ရိုက်ကူးခဲ့ရသလို သေချာအကြိမ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ခဲ့ပြီး ရိုက်ခဲ့ရတဲ့ ဇာတ်ကားမှာ ပါဝင်ခွင့်ရတည်းကိုက မြတ်သူက ဂုဏ်ယူနေပါတယ်.....။
အခုလို မြန်မာပြည်ရဲ့ ပထမဆုံ3းD ဇာတ်ကားကြီးလည်းဖြစ်တော့ ဒီဇာတ်ကားကို ပါဝင်ခွင့်ပေးတဲ့ Forever Group ကိုလည်းကျေးဇူးတင်ပါတယ်... လို့ပြောခဲ့ပြီး သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုကိုတော့....

မြတ်သူက အက်ရှင်ဇာတ်ရုပ်နဲ့သရုပ်ဆောင်ထားတဲ့ တတိယဆုံမှတ် ဆိုတဲ့ဇာတ်ကားလေးပြတော့မှာပါ..ပြီးတော့ ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ရှိပါတယ်...လို့ သိရပါတယ်...။
စောရတီနိုင်
Photo..Myat ThuThu Zin facebook

0 comments:

Post a Comment