Wednesday, July 10, 2019

ပါတီများနိုင်ခြင်း၊ မနိုင်ခြင်းထက် ပြည်သူများနိုင်ရန် အရေးကြီးဟု သူရဦးရွှေမန်းပြောကြား


ပါတီများ နိုင်ခြင်း၊ မနိုင်ခြင်းထက်ပြည်သူများ အနိုင်ရရန် အရေးကြီးကြောင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ဇူလိုင် ၉ ရက်တွင်ပြောသည်။
ထို့အတူ ပြည်သူများ၏ အကြံပြုမှု၊ ထောက်ပြဝေဖန်မှုကို ကြိုဆိုပြီး အလေးထားခံယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ ကောင်းကျိုးကိုဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးဆောင် ရွက်ကြရမည်ဟုလည်း ၎င်းကဆိုသည်။
အောင်လံမြို့မှမြို့မိမြိုဖများ၊ မြို့နယ်ယာယီစည်းရုံးရေးကော်
မတီဝင်များ တွေ့ဆုံပွဲ တွင် သူရဦးရွှေမန်းက ယင်းသို့ပြောဆို ခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပါတီခေါင်းဆောင်သူရဦးရွှေမန်းက် "နိုင်ငံအကျိုး၊ အများအကျိုးကို ဆောင်ရွက်ရန်ဆန္ဒရှိသူ ၁၉ ဦးဖြင့် ပါတီ တည် ထောင်ခွင့် စတင်လျောက်ထားရာမှ ယခုအချိန်တွင် ပါတီမှတ်ပုံ တင်ခွင့် ရရှိပြီဖြစ်ပြီး ပါတီဝင်အင်အားတိုးတက်ရရှိပါဝင်လာရေး၊ အရည်အချင်း ပြည့်ဝသည့် ပါတီဝင်များရရှိရေးတို့ကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ပါတီဝင်အဖြစ် အဆိုပြုရာတွင် လူမျိုး၊ ဇာတိ၊
ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု ပြီး ခွဲခြားမှုမရှိဘဲ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း အဆိုပြုနိုင်ပြီး အဆိုပြုပြီးပါက ပါတီဝင်အဖြစ် အသိအမှတ်ပြုပါကြောင်း၊ online မှလည်း အဆိုပြုနိုင်ပြီး လွယ်ကူရှင်းလင်းအဆင်ပြေအောင် ဆောင်ရွက်ထားကြောင်း၊ပါတီဝင်ကြေး၊ လစဉ်ကြေး တစုံတရာ ပေးရန်မလိုကြောင်း၊”ပြောကြားခဲ့သည်။
ထို့အတူ ဆက်လက်ပါဝင်ခြင်းမပြုလိုသဖြင့်နုတ်ထွက်လိုပါက နုတ်ထွက်စာရေးသားပေးပြီး အလွယ်တကူ နုတ်ထွက်နိုင်ကြောင်း၊ ပါတီဝင်များ၏ ဆန္ဒ၊ အတွေ့အကြုံ၊ အရည်အချင်းတို့အရ ပါတီဝင်မှသည် ပါတီကော်မတီအဆင့်ဆင့်နှင့် ပါတီခေါင်းဆောင်အထိ တာဝန်ပေးမည် ဖြစ်ကြောင်း၊ ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စား လှယ် လောင်းများကိုလည်း အလားတူပင် သက်ဆိုင်ရာဒေသက
ရွေးချယ်ပြီး တာဝန်ပေးမည်ဖြစ်ပါကြောင်း၊ လူမှန်၊နေရာမှန် တာဝန်ပေးနိုင်ရန် အဓိကဖြစ်ကြောင်း၊သို့ဖြစ်၍ နိုင်ငံ့အကျိုး၊ အများအကျိုးကို ဆောင်ရွက်ရန် ဆန္ဒရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်
ရန်ဖိတ်ခေါ်ကြောင်းလည်း သူရဦးရွှေမန်းက ဆက်လက်ပြောကြား ခဲ့သည်။
The Ladies News

0 comments:

Post a Comment