Wednesday, July 10, 2019

ချင်းပြည်နယ်ဝန်ကြီးတစ်ဦး၏ ဖေ့ဘွတ်ခ်မှတဆင့် ငွေလိမ်လည်မှု ဖြစ်ပွား

ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန ၀န်ကြီး ဦးဖွေအား၏ ဖေ့ဘွတ်ခ်မက်ဆင်ဂျာမှ တဆင့် ငွေလိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ငွေလိမ်ခံရသူများ၏ ပြောပြချက်အရ သိရသည်။
ဝန်ကြီး အသုံးပြုနေသည့် Kuitui Pa ဖေ့ဘွတ်ခ်အကောင့်သည် ဇူလိုင်လ ၆ ရက်နေ့တွင် အသုံးပြု၍ မရတော့ပဲ အကောင့်အဟက်ခံခဲ့ရပြီး ငွေလိမ်လည်မှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ဝန်ကြီးဖွေအားက ဝန်ခံပြောဆိုထားသည်။

ယင်းကဲ့သို့ အကောင့်ဟက်ပြီး ငွေကြေးလိမ်လည်သွားသည့်အတွက် ဆက်သွယ်ရေးဌာနကို ပြန်လည်စိစစ်ပေးရန် တောင်းဆိုထားပြီး ယနေ့ (ဇူလိုင် ၁၀ ရက်နေ့) ထိ ၄င်း၏ ဖေ့ဘွတ်ခ်ကို သုံးစွဲ၍ မရသေးကြောင်း ဝန်ကြီးက ရှင်းပြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန ၀န်ကြီး ဦးဖွေအား၏ ဖေ့ဘွတ်ခ် မက်ဆင်ဂျာမှတစ်ဆင့် Ei Sandar Mang အကောင့်သို့ ငွေတစ်သိန်းလွဲပေးရန် ဆက်သွယ်ခဲ့သည့် အတွက် ငွေလွဲပေးခဲ့ကြောင်း ငွေလွဲပေးသည့် မမိုင်အိစန္ဒာမာန်က ပြောကြားသည်။

“ငွေလွှဲပေးပြီး ၀န်ကြီးနဲ့ ၀န်ကြီး အမျိုးသမီးဆီ ဖုန်းဆက် ပြောတဲ့အချိန်မှာမှ ငွေလိမ်ခံလိုက်ရမှန်း သိတာ”ဟု ၄င်းက ဆိုသည်။

ထိုကဲ့သို့ ဝန်ကြီး၏ အကောင့်ကို ဟက်ပြီး ငွေလိမ်သွားသူကို ဖမ်းဆီးနိုင်ရေးအတွက် စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဝန်ကြီး ဦးဖွေအားက ပြောကြားသည်။

The Voice

0 comments:

Post a Comment