Thursday, July 11, 2019

ဗိုလ်ချုပ်ရုပ်တုထားရှိမည့် ရင်ပြင်တည်ဆောက်ရေးနှင့် ပြည်သူ့ပန်းခြံ ပြုပြင်ခြင်းလုပ်ငန်းအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း(၃၇၀) ခွင့်ပြုချထားပေး


ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ အုတ်တွင်းမြို့ ရှိ ဗိုလ်ချုပ် ရုပ်တုထားရှိမည့် ရင်ပြင်တည်ဆောက်ရေးနှင့် ပြည်သူ့ပန်းခြံ ပြုပြင်ခြင်းလုပ်ငန်းအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း(၃၇၀) ခွင့်ပြုချထားပေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုအား အုတ်တွင်းမြို့ မြို့မိမြို့ဖများမှဦးဆောင်၍ အများပြည်သူစုပေါင်းကာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်အရ အမြင့် မြင်းခွာမှဦးထုပ်အထိ (၁၅)ပေ၊ အလျား မြင်းနှာဖျားမှမြင်းအမြီးဖျားအထိ (၁၅)ပေရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုအား ပြုလုပ်ထားခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို (၇၂)နှစ်မြောက် အာဇာနည်နေ့အား ကြိုဆိုသောအားဖြင့် ဇူလိုင်လ(၁၁)ရက် က ဖွင့်ပွဲအခမ်းအနားပြုလုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် NLD ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ ပါတီဝင်များ၊ ဗိုလ်ချုပ်မြင်းစီးရုပ်တု ဖြစ်မြောက်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

The Ladies News

0 comments:

Post a Comment