Thursday, July 11, 2019

မွန်ပြည်နယ်အတွင်း အစိုးရစာသင်ကျောင်းများတွင် မွန်စာပေ စတင်သင်ကြား

လက်ရှိ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်မှာ မွန်ပြည်နယ်အတွင်းရှိ အစိုးရအခြေခံပညာ စာသင်ကျောင်းတွေမှာ မွန်စာပေကို စတင်သင်ကြားပေးနေပါတယ်။
နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်အရ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အစိုးရ စာသင်ကျောင်းပေါင်း ၇၆ ကျောင်းမှာ မွန်ဘာသာရပ်သင်ကြားပေးနေသလို ကရင်ဘာသာရပ်ကိုလည်း ၃၅ ကျောင်းမှာ စတင်သင်ကြားပေးနေတယ်လို့ ပညာရေးဌာနက သိရပါတယ်။

စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို ကျောင်းတွင်း ဆရာမတွေနဲ့ ပြင်ပကဆရာမတွေက တိုင်းရင်းသားဘာသာရပ်ကို နေ့စဉ်စာသင်ချိန် ၁ နာရီ သင်ကြားပေးနေပါတယ်။

အရင်က မွန်စာပေကို မူလတန်းကျောင်းတွေမှာ ၁၉၆၂ ခုနှစ်အထိ ၈၀ ရာခိုင်နှုန်း သင်ကြားပေးခဲ့ပြီး အခုမှ တိုင်းရင်းသားဘာသာကို ပြန်သင်ကြား ခွင့်ရလာတာမို့ ကျောင်းသားတွေအနေနဲ့ တတ်မြောက်အောင် သင်ယူထားသင့်တယ်လို့ မွန်စာပေနှင့် ယဉ်ကျေးမှု မွန်တိုင်းရင်းသားစာပေ ကော်မတီ နာယက ဦးမောင်ဟင်းက ပြောပါတယ်။

နေမျိုးထွဋ်
DVB




0 comments:

Post a Comment