Wednesday, July 10, 2019

သက္ကမိုးညို အကောင့်ပိုင်ရှင် ကျပ်သိန်း ၁၀၀ ခံဝန်ဖြင့် အာမခံရရှိ


နေပြည်တော် မူကြိုကျောင်းအမှုကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ရေးသားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာဝင်းကိုကိုသိန်းအား အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)ဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့်စစ်ဆေးပြီး ငွေကျပ်သိန်း ၁၀၀ ခံဝန်ဖြင့် အာမခံရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
"အမှုရဲ့ သဘောတရားက ထောင်ချတာရှိတယ်။ဒဏ်ငွေရိုက်တာရှိတယ်။ ဒဏ်ငွေက သိန်း ၅၀ ကနေ ၁၀၀ ဆိုတော့ သိန်း ၁၀၀ အာမခံနဲ့ ကျွန်တော့ကို လွှတ်လိုက်တာပါ" ဟု ဒေါက်တာ ဝင်းကိုကိုသိန်း(သက္ကမိုးညို အကောင့်ပိုင်ရှင်)က မီဒီယာများသို့ ပြောဆိုသည်။

သက္ကမိုးညိုလူမှုကွန်ရက်မှ ရေးသားချက်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အများပြည်သူ အထင်အမြင်လွဲမှားစေသည်ဟုဆိုကာ ၎င်းအား ထိန်းသိမ်းစစ်ဆေးခြင်းဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

အမှုဖွင့်စစ်ဆေးခြင်းခံရသော်လည်း ၎င်း၏ ရေးသားချက်များမှာ သက်သေအထောက်အထားပြနိုင်သဖြင့် အမှုမှန်ပေါ်ပေါက်ရေး ဆက်လက် ရပ်တည်သွားမည်ဟု ဒေါက်တာဝင်းကိုကိုသိန်းက ပြောကြားသည်။

သတင်း၊ဓာတ်ပုံ - နန္ဒာ
The Standard Time Daily

0 comments:

Post a Comment