Wednesday, July 10, 2019

ဘီးလင်းမြို့နယ်တွင် ကျောင်းအချို့ပိတ်၊ ကယ်ဆယ်ရေးစခန်းဖွင့်ရသည်အထိ ရေကြီးနေ၍ မွန်ဝန်ကြီးချုပ်ချက်ချင်းကွင်းဆင်း


ဘီးလင်းမြို့နယ်တွင် ကျောင်းအချို့ပိတ်ရခြင်းနှင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရသည်အထိ ရေကြီးနေမှု မွန်ဝန်ကြီးချုပ်ချက်ချင်းကွင်းဆင်းကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးက ဘီးလင်းမြို့ပေါ်တွင်ကယ်ဆယ်ရေးစခန်း ၅ခု ဖွင့်ထားလိုက်ပြီဟု ပြောကာ မနေ့ည ၉နာရီအထိ ကယ်စခန်းစခန်း၅ခုတွင် ခိုလှုံနေရသူ ၆၈၅ ဦးရှိနေသည်ဟု သိရသည်။
ရေကြီးမှုကြောင့် ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်) နှင့် ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်း၊ ကမ်းနာ (အမက) ၊ ရွှေလှေ(အမက) ၊ ပျဉ်းမပင်ဆိပ်(အထကခွဲ) ကျောင်း(၄)ကျောင်းတို့ကို မနေ့က(ဇူလိုင် ၉ရက်) ပိတ်ခဲ့ရကြောင်းသိရသည်။
လက်ရှိ ဘီးလင်းမြစ်ရေးကြီးမှုအခြေအနေသည် ယနေ့ နံနက်(၉း၃၀)နာရီ အချိန် တိုင်းတာချက်အရ ဘီးလင်းမြစ်ရေအခြေအနေမှာ (၉၆၃) စင်တီမီတာ ဖြစ်သည်ဟုသိရသည်။
ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၀၂၂)စင်တီမီတာ ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မြို့တွင်းလှည့် လည် သတိပေးကြေညာခြင်းများ ပြုလုပ်လျှက်ရှိနေကြသည်ဟု သိရသည်။


ဇွဲခန့်
ဓါတ်ပုံ-ဘီးလင်းကွပ်ကဲရေးရုံး
Isee Media

0 comments:

Post a Comment