Wednesday, July 10, 2019

ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အရ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် ဆိပ်ကမ်းကိုယ်စားလှယ် ကတိသစ္စာပြု


ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အရ အပြောင်းအလဲဖြစ်ပေါ်ခဲ့ သည့် ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်သည် ဇူလိုင် ၉ ရက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကတိ သစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။
ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅၊ ပုဒ်မခွဲ(ခ) အရ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှာ ဦးသန်းထိုက်အောင်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြေညာချက်အမှတ် (၁၀၄/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်စားလှယ်အသိအမှတ်ပြုလွှာနှင့် ကိုယ်ရေးအကျဉ်းတို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ လွှတ်တော်ဥက္ကဋ္ဌထံသို့ ၈.၇.၂၀၁၉ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်သည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) အရ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

The Ladies News

0 comments:

Post a Comment