Wednesday, July 10, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် တရုတ်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ၊ ရခိုင်အရေးနှင့် အခြားကဏ္ဍများဆွေးနွေး


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား ဇူလိုင်လ ၉ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ တွေ့ဆုံစဉ် ရခိုင်ဒေသအရေးနှင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးကိစ္စ၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

The Ladies News

0 comments:

Post a Comment