Tuesday, September 30, 2014

ဆေးမင်ရည်စုတ်ထိုး လွှတ်တော်နှင့် တိုးရတော့မလား . . .

Photo – Ka Gee Tattoo Artist

၂ဝ၁၄ ခုနှစ် သြဂုတ်လ အစောပိုင်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ Hong Kong Baptist University က အင်္ဂလိပ်စာသင်ဆရာ ကနေဒီယန်ခရီးသည် တစ်ဦးရဲ့ ကိုယ်ခန္ဓာအောက်ပိုင်းမှာ ဘုရားပုံတွေကို တက်တူးထိုးထားတာ တွေ့ရာက ၄င်းကို တိုင်းပြည်က နှင်ထုတ်ခဲ့ရပါတယ်။ ဒီနောက် မြန်မာနိုင်ငံမြေပုံကို ခန္ဓာကိုယ်ေ အာက်ပိုင်းမှာ ဆေးမင်ကြောင်ထိုးခြင်းဟာ နိုင်ငံတော်ရဲ့ပုံရိပ်ကို အကြည်ညိုပျက်စေတဲ့အတွက် အပြုအမူအဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ်ချမှတ်သင့်မသင့်ကို ယခုနှစ် ဇူလိုင် လအစောပိုင်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီလိုမျိုးဥပဒေတစ်ရပ်ဆိုတာ လူကြီးလူငယ်လုထုလူတန်း စား အသီးသီးက စိတ်ပါဝင်စားစွာ ဝင်ရောက်ဆွေးနွေးနိုင်မှသာ ဥပဒေတစ်ရပ်ရဲ့ အနှစ်သာရ ပိုပီပြင်မှာ ဖြစ်တဲ့အတွက် ပေါ်ပြူလာနယူးစ်က မြန်မာနိုင်ငံမှ ကိုကိုတက်တူး တို့ မမတက်တူးတို့ရဲ့အသံကို အခုလိုတင်ပြလိုက်ရပါတယ်။

တရားရုံးစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရေး တရားလွှတ်တော်ချုပ်နှင့် ကော်မတီအငြင်းပွား

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားရုံး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရန် အစီရင်ခံစာတွင် ဖော်ပြထားရာ ယင်းကိစ္စအတွက် တရားလွှတ်တော်ချုပ်နှင့် ကော်မတီတို့ အငြင်းပွားခဲ့ကြသည်။


(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာပေါင်း ၇,၂၇၀ အနက် တရားစီရင်ရေး ၃,၅၀၀ စောင်၊ လယ်ယာမြေ ၂,၅၀၀ စောင်၊ အုပ်ချုပ်ရေး ၁,၁၇၀ စောင်၊ တပ်မတော် အစောင် ၁၀၀ တို့ဖြစ်ပြီး တရားရုံး လေ့လာစောင့်ကြည့်ရေး၊ လွတ်လပ်သည့် အဖွဲ့အစည်းရှိသင့်သည်ဟု အကြံပြုသည်။

ရှုပ်ပွနေတဲ့ အ၀တ်ဗီရိုကို အမြန်ဆုံးရှင်းလင်းပစ်နိုင်မယ့် နည်းလမ်း(၆) သွယ်



အ၀တ်အစာေးတွ ရှင်းမယ်၊ရှင်းမယ်နဲ့ မရှင်းဖြစ်ခဲ့တဲ့ ဗီရိုကို ဒီတစ်ပတ်အားလပ်ရက်မှာ ရှင်းလင်းရေးလုပ်ဖို့ အချိန်ပေးလိုက်ပါ။ ဒီလို ရှင်းတဲ့အခါ လိုတာတွေ ချန်ထားပြီး၊ မလိုတာတွေ ၀ဲပစ်လိုက်ဖို့တော့ လိုတာပေါ့။ ကိုယ်မ၀တ်တော့မယ့် အ၀တ်အစားတွေအတွက် မိဘမဲ့ကလေးတွေကို လှူမယ်ဆိုရင်လည်း အိတ်နဲ့သပ်သပ်ခွဲထားပြီး လှူဖို့စီစဉ်ပါ။ ကဲ အိုခေ ဗီရိုကို စရှင်းလိုက်ကြရအောင်။ ဗီရိုရှင်းတော့မယ်ဆို အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးတွေ ကိုယ့်ကိုကိုယ်မေးပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှင်းသွားရုံပါပဲ။

ရွေးကောက်ပွဲစနစ် ခုနစ်မျိုး အနည်းဆုံးတင်ရန် သူရဦးရွှေမန်းညွှန်ကြား

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် လေ့လာသုံး သပ်ရေး ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစနစ် ခုနစ်မျိုးကို အောက်တိုဘာလ ၂၁ ရက် နောက် ဆုံးထား တင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားလိုက်သည်။



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို လွှတ်တော်အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ကော်မရှင်သည်ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲစနစ် လေ့လာရေး အစီရင်ခံစာကို လွှတ်တော် ဥက္ကဋ္ဌထံ တင်သွင်းရမည်ဖြစ်ရာ စက်တင်ဘာ ၂၄ ရက်က တင်သွင်းပြီးခဲ့သော်လည်း FPTP (နိုင်သူအကုန် ယူ)၊ PR (အချိုးကျကိုယ်စားပြုစနစ်)နှင့် နှစ်မျိုးပေါင်းစပ်ထားသည့် စနစ်သုံးမျိုးကိုသာ ထည့်သွင်းဖော်ပြ ထား၍ အနည်းဆုံးစနစ် ခုနစ်မျိုးဖြင့် ပြန်လည်တင်ပြပေးရန် သူရဦးရွှေမန်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ဘုရားအထက်က နေရင် ငရဲကျနိုင်ပါသလား

အမေး - အရှင်ဘုရားရဲ့ စာအုပ်ဖတ်ရတဲ့အတွက် တပည့်တော်တို့လူငယ်တွေမှာ ကိုယ့်ဘာသာရေးထဲ ဝေဝါးနေတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။

တပည့်တော် တစ်ခုမေးလျှောက်ပါရစေဘုရား။ သက်တမ်းရှည်တဲ့ ကကုသန်စတဲ့ ဘုရားရှင်များဟာ ဓာတ်တော်သီးခြားမကျဘဲ ရုပ်ကလာပ်တော်ကျန်ရစ်ပြီး အဲဒီရုပ်ကလာပ်တော်များကို စေတီတည်ထားတယ်။ ကမ္ဘာမြေကြီးအတွင်းမှာ ယခုတိုင်တည်ရှိနေပါတယ်လို့ ဖတ်ရသိရပါတယ်ဘုရား။ ဒါနဲ့စပ်လို့ ဂေါတမဘုရားရှင် ဆံတော်ပယ်စဉ်က ဆံတော်ကို သိကြားမင်က ကလပ်နဲ့ခံပြီး နတ်ပြည်မှာစေတီတည်သလို မြင့်မြတ်တဲ့ ဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တော်များရှိရာစေတီများကို ဘာကြောင့် နတ်ပြည်မှာမတည်ဘဲ မြေကြီးထဲထားရတာလဲဘုရား။ ဘုရားရင်ပြင်တော်ပေါ်ကိုတောင် ဖိနပ်စီးပြီးတက်လို့မှမရတာ။ ဒီအတိုင်းဆို တပည့်တော်တို့ ငရဲမကျနိုင်ဘူးလားဘုရား။

မေသက်လှိုင် (လားရှိုး)

နိုင်ငံသားစိစစ်မခံသည့် ဘင်္ဂါလီအရေး ရခိုင်လူထုနှင့် ပြည်နယ်အစိုးရညှိမည်

ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခု နိုင်ငံသား ဥပဒေအရ စိစစ်မှုခံယူခြင်းမရှိသည့် ဘင်္ဂါလီများနှင့် သက်ဆိုင် သည့် မူဝါဒချမှတ်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့နှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု ပြည်နယ်အစိုးရ၊ ပြန်ကြား ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၃၀ တွင် မဇ္ဈိမကိုပြောသည်။



နိုင်ငံသား စိစစ်ခံပြီးနောက် နိုင်ငံသားမှတ်ပုံတင်ကတ် ရရှိသွားသည့် ရခိုင်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ဘင်္ဂါလီအချို့က ရိုဟင်ဂျာဟု စာရင်းမသွင်း၍ဟုဆိုကာ နိုင်ငံသားစိစစ်မခံခြင်း၊ ကောက်ယူပြီးသည့် ပြည် လုံးကျွတ် သန်းခေါင်းစာရင်းတွင် စာရင်းမပေးခြင်းစသည့် ပျက်ကွက်မှုတို့ ရှိနေချိန်လည်း ဖြစ်သည်။

ဦးလှသိန်းက ပြည်နယ်အစိုးရက နိုင်ငံသားစိစစ်ပြီး ဘင်္ဂါလီများကို ဥပဒေအရ မူလနေရပ်များတွင် ပြန် လည်နေထိုင်ခွင့်ပြုသွားမည်ဟု ဆိုသည်။ စိစစ်မှု လက်မခံသူများကိုမူ ထိန်းသိမ်းရေးစခန်းများတွင် ဆက် လက်ထားရှိရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

မေသက်ခိုင်













တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဗကသကျောင်းသူ မဖြူနှင်းထွေး၏ အာမခံ ထပ်မံပယ်ချခံရ


ဖမ်းဆီးခံထားရသော မဖြူနှင်းထွေးအား စက်တင်ဘာ ၃၀ ရက် ရုံးချိန်းတွင် ဒေသခံများက အားပေးနှစ်သိမ့်နေစဉ် (ဓာတ်ပုံ-အောင်သူ)

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဗ.က.သ ကျောင်းသူ မဖြူနှင်းထွေးအမှု ဒုတိယမြောက်ရုံးချိန်း၌ အာမခံလျှောက်ထားခဲ့မှုအား ပယ်ချခံခဲ့ရပြီး ယခုတတိယမြောက် ရုံးချိန်း၌လည်း ဒုတိယအကြိမ်အဖြစ် အာမခံလျှောက်ထားရာ ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။

တယ်လီနောဖြင့် ငါးနိုင်ငံသို့သာ ဖုန်းခေါ်ဆိုနိုင်သေး


တယ်လီနောဆင်းမ်ကတ်များ စတင်ရောင်းချနေစဉ် (ဓာတ်ပုံ - အေးမွန်ရာပြည့်)

တယ်လီနောဆင်းမ် ကတ်အသုံးပြုသူများ ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု(Roaming Service) ကို အသုံးပြုလိုပါက ကနဦးအနေဖြင့် ငါးနိုင်ငံကိုသာ အပြန်အလှန်ခေါ်ဆိုမှုပြုလုပ်နိုင်ဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသော ရဟတ်ယာဉ်ကို သုံးရက်ကြာသည့်တိုင် ရှာမတွေ့သေး


ပျောက်ဆုံးနေသော ရဟတ်ယာဉ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ပြင်ဆင်နေစဉ် (ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း)

ရန်ကုန် - တောင်တက်သမားနှစ် ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ပျောက်ဆုံးသွားသော B4 ရဟတ်ယာဉ်သည် သုံးရက်ကျော် ကြာသည့်တိုင် ရှာဖွေမတွေ့သေး ကြောင်း ထူးဖောင်ဒေးရှင်းက သ တင်းထုတ်ပြန်သည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အပြစ်တင်မစောရန် နိုင်ငံခြားရေးဝန်ကြီးပြော


နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် (ဓာတ်ပုံ - အေပီ)

ရခိုင်ပြည်နယ်ရှိ လူ့ အသိုင်းအ၀ိုင်းနှစ်ခုကြား ပဋိပက္ခ များကို ကျော်လွှားနိုင်ရန် မြန်မာ အစိုးရက အထူးအာရုံစိုက်ကြိုး ပမ်းနေချိန်တွင် နိုင်ငံတကာအ သိုင်းအ၀ိုင်းအနေဖြင့် အစိုးရကို အပြစ်တင်မစောဘဲ လက်တွေ့ ကျကျအဖြေရရှိရေးကိုသာ ကူညီဆောင်ရွက်သင့်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးကပြောကြားသည်။


ပြန်လွှဲပြောင်းပေးလိုက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ (ဓာတ်ပုံ − မောင်ကံ)

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပြစ်ဒဏ်စေ့ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် မောင်တောနယ်စပ် အမှတ် (၁)၀င်/ထွက်စခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီမိုကရက်တစ် နိုင်ငံရေး ခေါင်းဆောင်မှု အားနည်းနေသည်

Add caption
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် သမ္မတလောင်း ရာထူးအတွက် ကိုယ်ပိုင်ကိုယ်စားလှယ် မရှိခဲ့လျှင် ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို “ရွေးကောင်းရွေးမည်” ဟု Reuters က ရေးသားသောသတင်းကို NLD က မှားယွင်းနေကြောင်း ထုတ်ပြန်ခဲ့သော်လည်း အဆိုပါသတင်းသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်မှု မည်မျှအားနည်းနေကြောင်း မီးမောင်းထိုးပြနေသည်။

အတည်ရည်ရွယ်ထားတဲ့ သင့်ရဲ့ လက်တွဲဖော်နဲ့ ဆက်ဆံရေးကို မြဲအောင် ဘယ်လိုထိန်းသိမ်းမလဲ



သင်ဟာ အသက် ၂၀ ကျော် လာပြီဆိုတာနဲ့ ကိစ္စတော်တော်များများကို နက်နက်နဲနဲ စဉ်းစားပြီး ချဉ်းကပ်ဖို့လိုလာပါပြီ။ အဲဒီထဲမှာ ချစ်သူရည်းစား ဆက်ဆံရေး ကိုလည်းမေ့ထားလို့မရပါဘူး။ သင်ကောလိပ် ကျောင်းမှာတုန်းက ရည်းစားထားခဲ့သလို သင့်ရဲ့ရင့်ကျက်လာတဲ့ အသက်အရွယ်မှာ ပြုမူနေထိုင်နေလို့မရပါဘူး ။ သင့်ရဲ့ အတည်ရည်ရွယ်ထားတဲ့ ချစ်သူ နဲ့ တစ်သက်လုံး ဘ၀ကို လက်တွဲဖို့ အတွက် တစ်ချို့သော အချက်အလက်လေးတွေကို လိုက်နာပြီး သင့်ရဲ့ လက်တွဲဖော်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရပါတော့မယ်။

ရက်သတ္တပတ် တစ်ပတ်လျှင် မိုဘိုင်းဖုန်း အသုံးပြုသူ ငါးသိန်းအထိ ရှိလာစေရန် Ooredoo Myanmar ဆောင်ရွက်မည်



Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ၎င်းတို့ရောင်းချသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ရက်သတ္တပတ် တစ်ပတ်လျှင် လူဦးရေငါးသိန်း ဝန်းကျင်အထိ အသုံးပြုနိုင်ရန် ဈေးကွက်မြှင့်တင်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျီဟတ်ခြိမ်းခြောက်မှု သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်များနှင့် ၉၆၉ အဖွဲ့တို့ ပူးပေါင်းရင်ဆိုင်သွားမည်ဟု ဦးဝီရသူမိန့်

ဂျီဟတ်တို့၏ ခြိမ်းခြောက်မှုများအတွက် မြန်မာနိုင်ငံမှ ၉၆၉ အဖွဲ့နှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အင်အားစု Bodu Bala Sena -BBS တို့ပူးပေါင်းကာ ရင်ဆိုင်သွားမည်ဟု ဆရာတော် ဦးဝီရသူက စက်တင်ဘာ ၂၈ ရက်တွင် မိန့်ကြားလိုက်သည်။



သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဦးဝီရသူကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေသည့် ဦးဝီရသူက ဂျီဟတ်ခြိမ်းခြောက်မှုများကို ပူးပေါင်းရင်ဆိုင်သွားမည်ဟု မိန့်ကြားလိုက်သည်။

အချစ်ဆိုတာ ရင်ခုန်ဖို့ပဲ လိုပါတယ်လို့ ဖွင့်ဟလာတဲ့ ရွှေစင်


အနုပညာလောကထဲမှာ သရုပ်ဆောင် မလုပ်ခင်ကတည်းက နာမည်ကြီးကျော်ကြားခဲ့တဲ့ ရွှေစင်က လက်ရှိသူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုများကို အခုလိုပဲ ပြောပြလာပါတယ်။ “ခုလတ်တလော ကိုကြီးသူထူးစံနဲ့ နှုတ်ခမ်းနီလေးနဲ့ကောင်မလေးဆိုတဲ့ကားလေးကို ရိုက်ထားတယ်။ ပြီးတော့ ချောင်းသာကို Samsaung ကြော်ငြာနဲ့ Fresh အဲ့ယားကွန်း ကြော်ငြာလေး သွားရိုက်ထားတယ်။ အဲ့ဒီကပြန်လာပြီးတော့ ရခိုင်မှာ ရန်ပုံငွေဖျော်ဖြေပွဲ လိုက်သွားတယ်။ အဲ့ဒီကပြန်လာပြီး ပြက္ခဒိန်တွေ တောက်လျောက်ရိုက်ဖြစ်တယ်။ ကားရိုက်အနေနဲ့က ကိုကြီးသူထူးစံနဲ့ ကနုတ်ပန်းဆိုတဲ့ ကားလေးရယ်၊ နိုင်တဲ့သူအကုန်ယူကြေးဆိုတဲ့ ကားလေးရယ်ကို မနက်တစ်ကား၊ ညတစ်ကား ၀င်နေပါတယ်။ ခု ၂ကားပြီးပြီးချင်း မန္တလေးသွားမယ်။ အဲ့ဒီမှာ နှစ် ၇၀၀ပြည့် ဗီစီဒီလေးရိုက်ဖို့ရယ်၊ စစ်ကိုင်းနဲ့မန္တလေးမှာပဲ ငွေထည်တွေတစ်ကိုယ်လုံးဆင်ပြီး ငွေထီး သုံးလက်တွက်ရိုက်ပေးရမယ်။ စစ်ကိုင်း နှစ် ၇၀၀ ပြည့်အတွက် စစ်ကိုင်းမှာပဲရိုက်မယ်။ နောက်ပြီး Glamours ရေပူရေအေး ကြော်ငြာလေးကတော့ ရွှေပြည်သာဟိုတယ်မှာရိုက်ပါမယ်”တဲ့။

Monday, September 29, 2014

စောတိုက်ဂါးနှင့် KNLA-PC တို့၏လမ်းခွဲပျက်စဲခြင်းနောက်ကွယ်မှ ဇတ်လမ်းတစ်ပုဒ်

လွန်ခဲ့သည့်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA-PC ) ၏ဗဟိုဦးစီးကော်မတီမှ ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ဒေါက်တာတင်မိုသီဆိုသူမှာသြစတေးလျ နိုင်ငံသူတစ်ဦးနှင့်အကြောင်းပါခဲ့သူဖြစ်ပြီး ထိုနိုင်ငံတွင်နေထိုင်ကာ ဗိုလ်ချုပ်ကြီးမြတို့လက်ထက်ကတည်း ကပင် KNU၏ငြိမ်းချမ်းရေး သံတမန်ကဲ့သို့ တာဝန်ထမ်းဆောင်ခဲ့ဘူးသူတစ်ဦးဖြစ်ပေသည်။ 

အသက် ခန့်မှန်းရခက်တဲ့ ထိုင်း မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးကြီးများ

အစားအသောက် ဆင်ခြင်ပြီး အသားရေ ခန္ဓာကိုယ် ထိမ်းသိမ်း စောင့်ရှောက်မှုနဲ့ ကျန်းမာရေး အားကစား လိုက်စားမှု တွေကြောင့် သူမတို့ တတွေကို အပြင်မှာ တွေ့ခဲ့မယ် ဆိုရင် အသက် ခန့်မှန်းရ ခက်ပါလိမ့်မယ်။ အဲဒီထဲက နာမည်ကြီး သရုပ်ဆောင် အချို့ကို ဖော်ပြပေး လိုက်ပါတယ်။


01. Ranya Siyanon (Age: 46)

ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် ဒုတိယလူ

နှမလက်လျှော့ပြီး ဒုတိယလူ ရှာမည်လော။ ဆက်လက်တိုက်ပွဲ ဝင်မည်လော။
စစ်အစိုးရလက်ထက် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရသည့် အချက်များ ပါနေပြီး ယင်းကိုပြင်ဆင်ရန် တိုက်ပွဲက မရေမရာ ဖြစ်နေချိန် မေးခွန်းများ ထွက်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲအထိ ထိုသို့ ဆက်လက် ပိတ်ပင်ခံထားရပါက သမ္မတ နေရာအတွက် မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး ရထားသည်ဟု ဆိုနိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် မည်သူ့ကို သမ္မတ အမည်စာရင်း တင်သွင်းမည်နည်း။

တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။



၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 1) တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မှ သီးသန့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ရွှေစင်














Photo-Fashion Myanmar

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ IS Islamic State အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အတွက် အဖွဲ့ဝင် စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ သံသယရှိသူ ဘင်္ဂါလီ လူမျိုး ဗြိတိန် နိုင်ငံသားကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဆာမီယွန် ရာမန် Samiun Rahman ဆိုတဲ့ အဲဒီလူဟာ ဆီးရီးယားမှာ အချိန်အတော်ကြာ နေခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ဆီးရီးယားက အယ်ကိုင်းဒါး အဖွဲ့ခွဲ the Al-Nusra Front မှာ ပါဝင်မယ့် လူတွေ ကို စုဆောင်းဖို့ ကြိုးပမ်း နေတယ်လို့ထိပ်တန်း ရဲအရာရှိ တစ်ယောက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အဖွဲ့က အရာရှိကြီး မာဆာဒူ ရာမန် Masadur Rahman က ဘီဘီစီကို ပြောပါတယ်။
အခု ဖမ်းဆီးမိသူ ဆာမီယွန် ရာမန်ဟာ မြန်မာ နိုင်ငံ အတွင်းမှာလည်း အလားတူ လူစုဆောင်းဖို့ အစီအစဉ်တွေ လုပ်နေတယ်၊ အသေးစိတ် သိရဖို့ ဆက်လက် စုံစမ်း ဖော်ထုတ်နိုင်အောင် လုပ် နေတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေ ဘာကြောင့် ပြန်ဖြစ်လာသလဲ - စည်သူအောင်မြင့်

ပြီးခဲ့တဲ့အပတ်က မြဝတီမှာ ဒီကေဘီအေတပ်ဖွဲ့က အရာရှိတစ်ယောက် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီး နောက် အခုရက်ပိုင်းအတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နဲ့ မြဝတီမြို့တွေမှာ လက်နက်ကိုင် ပဋိပက္ခ တွေ ထပ်ပြီးဖြစ်ပွားခဲ့ပါတယ်။ ကျိုက်မရောဘက်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာတော့ ပိုပြီးအရုပ်ဆိုး အကျည်းတန်တဲ့၊ နောက်ဆက်တွဲ ဖြေရှင်းကြေအေးဖို့ ခက်ခဲတဲ့ ပြဿနာမျိုး ဖြစ်ခဲ့တာမို့ မြန်မြန်ဆန်ဆန် ငြိမ်းအေးသွားဖို့တော့ မမြင်တွေ့ရပါဘူး။ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ ခုလိုတင်း မာမှုမျိုး ဘာလို့ဖြစ် လာရသလဲ၊ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။




လတ်တလော ဖြစ်စဉ်အကျဉ်းကို ပြန်ပြောဖို့ လိုပါလိမ့်မယ်။ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေ အပစ်ရပ်ကြတဲ့အခါ နှစ်ဖက်နယ်မြေ သတ်မှတ်ချက်တွေ စနစ်တကျ မလုပ်နိုင်သေးခင်စပ်ကြား ရောက်ရာနေရာတွေမှာ ပိုနေမြဲ ကျားနေမြဲ နေကြရတဲ့ သဘောရှိပါတယ်။ အစိုးရဘက်ကတော့ လက်နက် ကိုင်တပ်ဖွဲ့တွေကို မြို့တချို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့်ပေးပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ အစိုးရနယ်မြေထဲလာရင် ယူနီဖောင်း မဝတ်ဖို့၊ လက်နက်ကိုင်ဆောင်ခြင်းမပြုဖို့ တားမြစ်ပါတယ်။ တကယ်လို့ လိုအပ်လို့ ယူနီဖောင်းဝတ် လက်နက်နဲ့ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ နယ်မြေခံတပ်ဖွဲ့ တွေဆီမှာ သတင်းပို့၊ ခွင့်ပြုချက်ရမှ သွားလာဖို့ တောင်းဆိုပါတယ်။ များသောအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ဒီတောင်းဆိုချက်ကို သဘောတူကြပါတယ်။

ငြိမ်းချမ်းပါစေ မြ၀တီမြေ


လက်ရှိအချိန်တွင် ကျွန်မတို့ မြ၀တီမြို့သည် စစ်၏အငွေ့အသက်များနှင့် ရင်မောစရာကောင်းလှပေသည်။ ယခင်က အေးမြသာယာလှသည့် ကျွန်မတို့၏ မြ၀တီနယ်စပ်မြို့လေးသည် ယနေ့မှာတော့ကိုယ်ကျိုးကို သာ ကြည့်သည့် ၀ိသမာလောဘသားများ၏ ရမ်းကားမှုကြောင့် မြို့၏အဆင့်အတန်း ညစ်နွမ်း ခဲ့ရပေ တော့သည်။ 

အွန်လိုင်းမှာ ဒိတ်လုပ်နေသူတွေအတွက် ရှောင်ကြဉ်ရမယ့် အချက် (၇) ချက်



သင်ဟာ အွန်လိုင်းကနေ ချစ်သူရှာဖို့ စဉ်းစားထားပါသလား။ ဒါမှမဟုတ် ခုလောလောဆယ်ကိုပဲ ကိုယ်စိတ်ဝင်စားနေတဲ့သူ အွန်လိုင်းမှာရှိနေပြီမို့ သူနဲ့ chatting လုပ်တာမျိုး၊ သူ့ပုံအောက်မှာ ကွန်မန့်ဝင်ပေးရင်း ခင်မင်မှုတွေ ဖလှယ်ကြတဲ့ အဆင့်ကို ရောက်ရှိနေပြီလား။ ဒီလို အွန်လိုင်းကနေ ဒိတ်လုပ်ဖို့ စဉ်းစားထားတယ်ဆိုရင် သင်ရှောင်ကြဉ်သင့်တဲ့အချက်လေးတွေ ဖော်ပြပေးချင်ပါတယ်။

ပယင်းမှော်တွင် KIA အဖွဲ့မှ မူးယစ်ဆေးသုံးစွဲသည်ဟု အကြောင်းပြပြီး လူ(၄၀)ကျော်ဖမ်းဆီးသွား


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် မှော်လုပ်သားအဖြစ်လုပ် ကိုင်နေသော မှော် သူ မှော် သား လူငယ်များ အား စက်တင်ဘာ ၂၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ေ ဆာင် သွားကြောင်း သတင်းရရှိသည်။

NCCT ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ကိုယ်စားမပြုပါ


NCCT ဆိုတာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့လို့ နာမည်ပေးထားပေမယ့် တကယ်ရော လက်နက်ကိုင်တွေ အားလုံးကို ကိုယ်စားပြုရဲ့လား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အဲဒီ NCCT အဖွဲ့မှာ ဦးစီး ဦးဆောင်လုပ်နေတဲ့ နိုင်ဟံသာ၊ ဆလိုင်းလျှံမှုန်း ဆာခေါင်နဲ့ ခွန်ဥက္ကာတို့ကိုရော ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တင်မြှောက်လိုက်လို့ ခေါင်းဆောင်နေရာယူထားရတာလဲဆိုတာ ပိုပြီး အံ့အားသင့်စရာ ဖြစ်နေပါတယ်။ 

DKBA အဖွဲ့မှ စောဆန်းအောင်၏ တပည့်ဖြစ်သူတစ်ဦးထံမှ စိတ်ကြွဆေးပြားနှင့် တရားမ၀င်လက်နက်များ ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကြာအင်းတိုးဂိတ်တွင် စက်တင်ဘာ ၂၈ ရက် ည ၉ နာရီခွဲချိန်ခန့်၌ ဇော်ကုန်း ကျေးရွာ ဘက်မှမော်လမြိုင်မြို့သို့ မောင်းနှင်လာသော ကာဒီနား ကားအား ရပ်တန့်စစ်ဆေးရာ DKBA အဖွဲ့ စောဆန်းအောင်၏တပည့် ဖြစ်သူတပ်ဖွဲ့ဝင်တစ်ဦးထံမှ စိတ်ကြွဆေးပြားနှင့် တရားမ၀င်လက်နက်များ ဖမ်းဆီး ရမိခဲ့ကြောင်း မုပွန်ရဲစခန်းမှ သတင်းရရှိ သည်။

တရားမျှတမှု မရှိတဲ့ ပြိုင်ပွဲတွေကြောင့် တကယ်အရည်အချင်းရှိတဲ့သူတွေ နစ်နာရပါတယ်ဆိုတဲ့ မော်ဒယ်လ် ခင်ရူပ



မော်ဒယ်လ် ခင်ရူပနဲ့ တွေ့ဆုံခိုက် ခုလတ်တလော မြန်မာနိုင်ငံမှာ အဆက်မပြတ်ဆိုသလို ကျင်းပပြုလုပ်လာတဲ့ မော်ဒယ်လ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး သူမ ရရှိခဲ့တဲ့ အတွေ့အကြုံ၊ ခံစားချက်အမြင်တွေနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ “အရင်တုန်းက ပြိုင်ပွဲတွေ ပြိုင်ခဲ့စဉ်က ညီမအသက် ၁၇နှစ်ပေါ့။ အဲဒီ့တုန်းက စိတ်ခံစားချက်က ပြိုင်ချင်စိတ် ရှိတယ်။ ပြိုင်လိုက်လို့ တစ်ခုခုဖြစ်သွားမှာကိုလည်း ရှက်တာတွေ ဘာတွေ မရှိခဲ့ဘူး။ ယုံကြည်ချက် တစ်ခုအနေနဲ့ ပြိုင်ခဲ့တာပေါ့နော်။ အခုနောက်ပိုင်းမှာလည်း ညီမကို ပြိုင်ပွဲတွေ မပြိုင်တော့ဘူးလားလို့ လာမေးကြပါတယ်။ ဘယ်လိုပြောရမလဲ ညီမပြိုင်ချင်စိတ် ရှိတုန်းကပဲ ညီမပြိုင်တယ်။ ဆုတစ်ဆုရပြီး ညီမ ငြိမ်နေလိုက်တာမျိုးလည်း မဟုတ်ဘူးလေ။ လူတိုင်းကတော့ ဆုတစ်ဆုရပြီးလည်း ထပ်လိုချင်ကြတာပဲလေ။ ကိုယ့်အတွက် အခုချိန်မှာ ပြိုင်ပွဲတစ်ပွဲပြိုင်ပြီဆိုရင် အများကြီး စဉ်းစားရပြီ။ ငါ့အတွက်ဘာတွေထိခိုက်နစ်နာနိုင်မလဲ ဆိုတာမျိုးတွေပေါ့။ အဲဒီလိုမျိုးဒဏ်တွေကိုလည်း အခုချိန်မှာ အာရုံနောက်နေတာလည်း ပါတယ်။ အဲဒါကြောင့် နောက်ပိုင်း ကမ်းလှမ်းတာတွေတောင် ညီမအနေနဲ့ လက်မခံပါဘူး။”လို့ သူမ ဖွင့်ဟသွားပါတယ်။