Thursday, July 31, 2014

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည် မြောက်ပိုင်း)မှ KIA ဖိနှိပ်ခံ ရှမ်းမျိုးနွယ်စုများအရေး အဓိကထားတင်ပြ


ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တတိယအကြိမ် ညီလာခံအစည်းအဝေးသို့ တက်ရောက် လာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)မှ ဇူလိုင် ၃၁ ရက်နေ့တွင် KIA အဖွဲ့၏ ရှမ်းမျိုးနွယ်စုများအပေါ် ဖိနှိပ်မှုများကို တင်ပြချက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထိုင်ဝမ်တွင် ဓာတ်ငွေ့ယိုစိမ့်ပြီး မီးလောင်ပေါက်ကွဲမှုများကြောင့် (၂၄)ဦးထက်မနည်း သေဆုံး



ထိုင်ဝမ်တွင် ဓာတ်ငွေ့ယိုစိမ့်မှု နောက်ဆက်တွဲ ဆက်တိုက်ပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူ(၂၄)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်(၃၁)ရက် ညပိုင်းက ထိုင်ဝမ်တောင်ပိုင်းရှိ ခိုဟီယွန်းမြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး မြို့အတွင်း မီးမုန်တိုင်းတစ်ခု တိုက်ခတ်သည့်နှယ် ဆိုးဆိုးရွားရွား လောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။ အစောပိုင်းက သေဆုံးသူ အရေအတွက်ကို (၂၂)ဦးဟု ဖော်ပြခဲ့ကြသော်လည်း ဩဂုတ်(၁)ရက် နံနက်ပိုင်းတွင် အာဏာပိုင်များက အနည်းဆုံး လူ(၂၄)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး


တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ N1 အဝေးပြေးလမ်းမကြီးပေါ်တွင် သစ်ကုလားအုတ် နှစ်ကောင်ကို ကုန်သေတ္တာထဲထည့်ကာ ထရပ်ကားဖြင့် ဆွဲယူလာရာမှ ထိုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။ သစ်ကုလားအုတ်များ၏ ရှည်လျားသော လည်ပင်းများသည် ကုန်သေတ္တာ အပြင်ဘက်သို့ ထွက်နေရာ ခုံးကျော်တံတားနှင့် မလွတ်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ်လ ရေဒီယို မိန့်ခွန်းအပြည့်အစုံ

သမ္မတ ဦးသိန်းစိန်က လစဉ် ရေဒီယို မိန့်ခွန်းပြောလေ့ရှိပါတယ်။ အခု ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ မကြာသေးခင်က မန္တလေးပဋိပက္ခမှာ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်သူတွေကို ဖော်ထုတ် အရေးယူနေပြီဆိုတာလည်း ထည့်သွင်းပြောဆိုသွားသလို အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တာ၊ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အာဏာ ၃ ရပ် သီးခြား လွပ်လပ်စွာ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုတွေရှိနေတာတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။


သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ပြန်ကြားရေးဝက်ဆိုက်
အပြည့်အစုံကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ပြန်လည်း ကူးယူဖော်ပြပေးလိုက်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို

 

မြန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။

ကျောင်းဈေးတန်းများကို ရှောင်တခင် စစ်ဆေးပြီ



မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ထောက်ခံခွင့်ပြုချက်မရှိသည့် အစားအစာများကို ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေခြင်းရှိ၊ မရှိသြဂုတ် ၁ ရက်မှ စတင်ပြီး ရှောင်တခင်စစ် ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေး ဆရာဝန်ကြီး ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်စောရီက မဇ္ဈိမကို ပြောသည်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို


အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ သိရှိရပါတယ်။ အကြောင်းကတော့ သူတို့တွေ မကြာခဏဆိုသလို ခွဲခြား ဆက်ဆံခံရတာကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီကွဲပြားတဲ့ နေထိုင်မှုပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှုရှိပြီး လူနေမှုဘ၀မှာအဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူတတ်မြောက်ကြပါတယ်။

မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀ဖြင့် ကျော်ကြားခဲ့သည့် ဦးစိုးမြင့် ဂျာမနီနိုင်ငံတွင် ဇနီးနှင့် အခြေချနေထိုင်မည်


မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လူဝတ်လဲ လိုက်သော ဆရာ ဦးစိုးမြင့် အနေဖြင့် အင်္ဂလိပ်စာများကို သင်ယူ၍ ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ဝေဖြန့်ချီ သွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်ဖက်နှင့်အတူ ဂျာမနီ နိုင်ငံတွင် အခြေချ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် လူဝတ်လဲပြီး ဦးစိုးမြင့် အမည်ဖြင့် ဂျာမနီ နိုင်ငံတွင် ယင်း၏ အိမ်သူနှင့်အတူ လေးငါးနှစ်ခန့် နေထိုင်ရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်စာကို အဓိကထားသင်၍ စာအုပ်ထုတ်ရန် ရည်ရွယ်ထားပြီး ရရှိသည့် အကျိုးအမြတ်များကိုလည်း ယခင်က လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ဆက်လက် လှူဒါန်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူက ငယ်ဖြူလည်းဖြစ်တော့ အတန်းပညာက သိပ်မသင်ခဲ့ရဘူး။ အင်္ဂလိပ်စာ တတ်ဖို့ဆိုတာ ပိုဆိုးတယ်။ ဒါကြောင့် သူဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ဟိုမှာက ထမင်းစားရေးသောက်ကအစ အင်္ဂလိပ်လိုပဲ အဓိကထား ပြောနေကြတာပါ။ သူက အဲဒီမှာ အင်္ဂလိပ်စာသင်ရင်း စာအုပ် ထုတ်မှာပါ” ဟု ညီဖြစ်သူ ဦးစိုးတင့်မှ ပြောသည်။

ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီး မြေဧက ၃၀၀ နီးပါးကို တစ်ဧက ကျပ် ၁၀ သိန်းဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ ဟိုတယ်၊ စားသောက်ဆိုင်များ စီးပွားဖြစ်လုပ်ကိုင်ရန် လယ်/ဆည်ဝန်ကြီးဌာနက လွှဲပေး


ကျိုက်ထီးရိုးကင်ပွန်းစခန်းရှိ တောင်တက်ကားဂိတ်တစ်နေရာကိုတွေ့ရစဉ်

ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီးရှိ စိုက်ခင်းမြေဧက ၃ဝဝ နီးပါးကို တစ်ဧက ကျပ် ၁ဝ သိန်းဝန်းကျင်ဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ လွှဲပေးရန်စီစဉ်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ကင်ပွန်းစခန်းနှင့် သုံးမိုင်ဝန်းကျင်သာ ကွာဝေးပြီး နိုင်ငံ၏အထင်ကရ ကျိုက်ထီးရိုးစေတီသို့ တက်ရောက်ရာလမ်းဘေးတွင်ရှိသည့် မြေဧက ၃ဝဝ နီးပါးကို လွှဲပြောင်းပေးရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါမြေဧက ၃ဝဝ မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပိုင်ဆိုင်လုပ်ကိုင်နေသော စိုက်ခင်းမြေနေရာဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်လိုင်ဇာ တိုင်းရင်းသားညီလာခံ ကြေညာချက် ထုတ်ပြန်

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပနေဆဲ တိုင်းရင်းသား ညီလာခံက တနိုင်ငံလုံး အတိုင်းအတာ အပစ် အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးကြီးပြီးလို့ ဇူလိုင်လ ၃၁ ရက်နေ့စွဲနဲ့
ကြေညာချက် ပေါ်ထွက်လာပါပြီ။


ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပသော တတိယ အကြိမ်မြောက် တိုင်းရင်သား ညီလာခံကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

ရှေ့လုပ်ငန်းစဉ်အဖြစ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးရင် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ဆက်လုပ်ဖို့ ပါဝင်သလို တနိုင်ငံလုံး အတိုင်းအတာအပစ်ရပ်စာချုပ်မူကြမ်းကို လည်း နိုင်ငံရေး လမ်းပြမြေပုံနဲ့ အညီ အဆင့်လိုက် နိုင်ငံရေး ဆွေးနွေးနိုင်ရေး၊ ပြည်ထောင်စု စာချုပ်ကြီး ချုပ်ဆိုနိုင်သည်ထိ ကြိုးပမ်းသွားကြမယ်လို့ ကြေညာချက်မှာ ဖော်ပြတယ်။

Mr.Asia2014 ပြိုင်ပွဲတွင် မြန်မာစစ်သူကြီး ဝတ်စုံဖြင့် ဝင်ပြိုင်မည့် မော်ဒယ် ခါရာနှင့်တွေ့ဆုံခြင်း

သြဂုတ်လတွင် ဟောင်ကောင်၌ ကျင်းပ ပြုလုပ်မည့် Mr. Asia 2014 ပြိုင်ပွဲ တွင် မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ခါရာသည် ၎င်း၏ခန္ဓာကိုယ် လှပစေရန်နှင့် ကျန်းမာရေး ကောင်းမွန် စေရန်အတွက် အထူး ဂရုစိုက်လျက်ရှိသည်။ ၎င်းသည် Miss Golden Land Myanmar Organization ၏ ပထမဆုံး စေလွှတ် သည့် အမျိုးသား မော်ဒယ်တစ်ဦး ဖြစ်သည့်အပြင် ရှမ်းလူမျိုး တစ်ဦးလည်း ဖြစ်ကာ သီချင်းသီဆိုခြင်း ကိုလည်း ဝါသနာပါသည်ဟု သိရခြင်းကြောင့် မဇ္စျိမက ခါရာကို တွေ့ဆုံမေးမြန်းခဲ့ သည်။



မေး ။ အနုပညာ လောကထဲ စတင် ဝင်ရောက် ခဲ့တာက

ဖြေ ။ The Best Myanmar Cool Guy contest 2012 ကို စပြိုင် ဖြစ်တယ် ။ အဲဒီမှာ ဒုတိယဆု ရခဲ့ရာက အနုပညာ လောကထဲ ရောက်ခဲ့တာပါ။ ၂ဝ၁၃ခုနှစ်က လုပ်ခဲ့တဲ့ Mr.Maxmate ပြိုင်ပွဲမှာ Mr.Maxmate ဆုကို ရရှိခဲ့ပါတယ်။

ထန်းရွက်အောက်က ယုန်ငယ်၊ စကောတပ်ကြီးနှင့် တိုင်းပြည်ပျက်စီးစေသော အမုန်းတရားများ●


မန္တလေးမြို့တွင် ဇူလိုင်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ် သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိလာခဲ့သည်။ ထိုဖြစ်စဉ်တွင် ပုဂ္ဂိုလ်ရေး ရန်ငြိုးများကို အရင်းပြု၍ ဖန်တီး လှုံ့ဆော်ခဲ့သော ဖြစ်ရပ်တစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြပြီး ဖြစ်သည်။

Myanmar's Choice Award (Miss Golden Land Myanmar 2014 - Official Voting)

ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီး (၅)ပွဲအတွက် ပြိုင်ပွဲကြီးတစ်ပွဲတည်းမှ Miss Myanmar (၅)ဦး ရွေးချယ်မည့် မြန်မာနိုင်ငံ၏ အကြီးကျယ်အခမ်းနားဆုံးအလှမယ်ပြိုင်ပွဲကြီးဖြစ်သည့် Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီးတွင် မြန်မာမိဘပြည်သူပရိသတ်များကိုယ်တိုင် မဲပေးနိုင်ပြီဖြစ်ပါတယ်...

ပရိသတ်များကိုယ်တိုင်မဲပေးရွေးချယ်ရာမှ မဲအများဆုံးရရှိတဲ့အလှမယ်လေးဟာ
Myanmar's Choice Award ကို ဆွတ်ခူးရရှိမည် ဖြစ်သည့်အပြင်
ဖိုင်နယ်ပြိုင်ပွဲကြီး၏ နောက်ဆုံးစကာတင်အလှမယ် (၁၅)ဦးစာရင်းတွင်လည်း အလိုအလျောက်ပါဝင်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်...
မိမိနှစ်သက်ရာ Miss Golden Land အလှမယ်လေး၏ ဓာတ်ပုံကို LIKE လုပ်ခြင်းဖြင့် Voting စတင်ပေးနိုင်ပြီဖြစ်ပါတယ်....

Voting အရေအတွက်ကို ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ နေ့လယ် (၁၂)နာရီ အချိန်တွင် အပြီးသတ် ရယူသွားပါမည်...

မှတ်ချက်။ ။ (Facebook User အစစ်များ၏ "Like" မဟုတ်ဘဲ "Auto Like" အသုံးပြုခြင်းအား (လုံးဝ) မပြုလုပ်ပါရန် သတိပေးတားမြစ်အပ်ပါသည်။
LIKE ပေးသူများသည် Facebook User အစစ် ဟုတ် ၊ မဟုတ် ကို စနစ်တကျ စစ်ဆေးပြီး (LIKE) Voting အရေအတွက်ကို စိစစ်ရေတွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။)

www.facebook.com/MissGoldenLandMyanmar



























မရေးချင်ဘဲ ရေးလိုက်ရသည့်စာ (ဒီလှိုင်း အယ်ဒီတာအဖွဲ့သို့...)

ခြေဆင်း

စာရေးသူမှာ ကိုယ့်ကိုယ်ကိုယ် လူမုန်းများမှန်း စာရေးဆရာ ဖြစ်တော့မှပဲ သိရတော့သည်။ မြန်မာစာပေတွင် အဆက်ပြတ် အားနည်းနေဆဲဟုထင်သော ခေတ်ပြိုင်နိုင်ငံရေး၊ စီးပွားရေးနှင့် အိုင်ဒီယာရေစီးကြောင်းများကို လက်လှမ်း မီသလောက် မိတ်ဆက်ကြည့်တော့ အနောက်အုပ်စု၏ Mouth Piece ဟုအစွပ်စွဲခံရသည်။ အတွေးအခေါ်သစ်များနှင့်အတူ ကျွဲကူးရေပါ ပါလာသော ဝေါဟာရအချို့ကို ကျစ်လျစ်ထိမိသော ဘာသာပြန်ရှာမရသည်နှင့် အသံဖလှယ် သုံးမိတော့ မြန်မာစာပေဖျက်ဆီးသူဟု စွဲချက်တင်ကြပြန်သည်။ နောက်ဆုံး စိတ်ပျက်နေမိပြီဖြစ်သော သူ့ဘက်ကိုယ့်ဘက် အမြင်တွေမှခွာ၍ ကြားအမြင်ဖြင့် မြန်မာ့နိုင်ငံရေးကို ချဉ်းကပ်ကြည့်မိတော့ အစိုးရအဆက်ဆက်နှင့် ပျော်ပျော်ကြီး ပေးစားကြပြန်သည်။

ဝေါဟာရအငြင်းပွားမှုကြောင့် ငြိမ်းချမ်းရေးအလှမ်းဝေးနေဦးမှာလား


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ထိပ်သီးညီလာခံကို ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅ ရက်နေ့မှ စတင်၍ဆွေးနွေးခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ မျှော်လင့်နေသော စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရန် ယင်းဆွေးနွေးပွဲ၏ရလဒ်အပေါ် များစွာသက်ရောက်မှု ရှိပါတယ်။ 

ပွင့်လင်းမြင်သာမှုလား၊ လုံခြုံမှုကို ဦးစားပေးမှာလား


သမ္မတ လက်မှတ်မထိုးရသေးတဲ့ အမိန့်ကြေညာချက်တစ်ခုကို ဇူလိုင်လ ၃၀ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ်ပျံ့နှံ့နေတာသတိထားမိပါတယ်။ လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီး နေရာတွေကို ဦးရဲထွဋ်နဲ့ ဒေါက်တာသန်းအောင်ကို ခန့်အပ်တဲ့ အမိန့်ပါ။ လွှတ်တော်မှာလည်း လစ်လပ်နေတဲ့ ဝန်ကြီးတွေနေရာမှာ လက်ရှိဒုဝန်ကြီး ၂ ဦးကို အစားထိုးခန့်အပ်ဖို့ လွှတ်တော်ကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့အဆိုပြုပါတယ်။ ထူးခြားတာက လူမှုကွန်ရက်ပေါ်ပျံ့နေတဲ့ အမိန့်စာက သမ္မတလက်မှတ်မထိုးရ သေးတာပါ။