Thursday, October 31, 2013

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )

အင်္ဂလိပ်လို နားထောင်လိုပါက  https://soundcloud.com/infonldburma/dassk-sandhust
 
  • ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။  ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု  ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို  (professional army )  မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ )  နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army  မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ  ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ  ( ရယ်သံများ ) ။

" ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပြင် ပြည်သူ့အမြင် "

" ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပြင် ပြည်သူ့အမြင် "
================================

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသံမျိုးစုံထွက်လာခဲ့သည်။ အထူးသဖြင့် လက်ရှိ အာဏာရပါတီအသိုင်းအဝိုင်းထံမှ သုံးသပ်ချက်ကတော့ ထိုဆန္ဒသည် ပြည်သူ့ဆန္ဒမဟုတ်။ ဥပဒေပြင်ဆင်ရေးတွင် ပြည်သူက ထိုမျှလောက် အသိဥာဏ်မရှိနိုင်စသည်တို့နှင့်အတူ လေ့လာခြင်း၊ ဖတ်ဖူးခြင်းကိုပင် သံသယဖြစ် သည့် သဘော ဖြစ်သည်။ ဆိုလိုသည်မှာ ထိုဥပဒေပြင်ဆင်လိုခြင်းအသံမှာ အတိုက်အခံနိုင်ငံရေး ပါတီအင်အားစုများထံမှ ပြည်သူကိုခုတုံးလုပ် ထွက်လာခြင်း ဟု သုံး သပ်နေကြသည့် အမြင်များလည်းရှိနေရာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပြည်သူများ၏ အသံအစစ်အမှန်ကို ဖော်ပြလိုက်ရပါသည်။

► ဦးစိုးညွန့်
(တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင်)

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်လာတဲ့ သမိုင်းက အားလုံး သိတဲ့အတိုင်းပဲလေ။ ဘယ်လို ဖွဲ့စည်းပြီး ဘယ်လိုဖြစ်လာတယ်ဆိုတာ အားလုံးသိ ပြီးသားပါ။ ရှင်းပြ စရာ မလိုတော့ပါဘူး။ အဲဒါတွေက ပြည်သူ့ဆန္ဒ လုံးဝပါတာ မဟုတ်ဘူးလေ။ သူတို့ဘာသာ သူတို့ စိတ်တိုင်းကျ အဘက်ဘက်က ကြိုတင် စီစဉ်ထားပြီးမှ ......

Readmore >> http://www.popularmyanmar.com/mpaper/?p=78613

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသံမျိုးစုံထွက်လာခဲ့သည်။ အထူးသဖြင့် လက်ရှိ အာဏာရပါတီအသိုင်းအဝိုင်းထံမှ သုံးသပ်ချက်ကတော့ ထိုဆန္ဒသည် ပြည်သူ့ဆန္ဒမဟုတ်။ ဥပဒေပြင်ဆင်ရေးတွင် ပြည်သူက ထိုမျှလောက် အသိဥာဏ်မရှိနိုင်စသည်တို့နှင့်အတူ လေ့လာခြင်း၊ ဖတ်ဖူးခြင်းကိုပင် သံသယဖြစ် သည့် သဘော ဖြစ်သည်။ ဆိုလိုသည်မှာ ထိုဥပဒေပြင်ဆင်လိုခြင်းအသံမှာ အတိုက်အခံနိုင်ငံရေးပါတီအင်အားစုများထံမှ ပြည်သူကိုခုတုံးလုပ် ထွက်လာခြင်း ဟု သုံး သပ်နေကြသည့် အမြင်များလည်းရှိနေရာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပြည်သူများ၏ အသံအစစ်အမှန်ကို ဖော်ပြလိုက်ရပါသည်။

၁.၁၁.၂၀၁၃ မှ ၇.၁၁.၂၀၁၃ အထိ ၇ရက် ဟောစာတမ်း


တနင်္ဂနွေ
          ခရီးစဉ်တွေ များမည်။ အလုပ်တွေ ရှုပ်နေမည်။ ခေါင်းကိုက်မူးဝေခြင်း တွေဖြစ်နေမည်။ သူများအရေး တွေ ဖြစ်နေမည်။ သူများအရေးတွေ လိုက်လုပ်နေရမည်။ ခြေ ၁ဖက် အနာတရဖြစ်မည်။ စက်ပစ္စည်းများ ချို့ယွင်း မှု (သို့) ပြောင်းလဲမှု တွေဖြစ်မည်။ အချစ်ရေး များပြန်လည် အဆင်ပြေမည်။ တစ်ဦးအပေါ် တစ်ဦးချစ် ကြည်နူးမည်။ မိဘတို့က သဘောမတူ ဖြစ်မည်။ အောင်ဘာလေထီ ပေါက်လိမ့်မည်။ အလုပ်အကိုင်ရာထူး တက်မည်။ နေရာပြောင်းရွှေ့မည်။ အမှုအခင်း အရှုပ်အရှင်းတို့ နိုင်လိမ့်မည်။ ဝမ်းသာစရာ သတင်းကောင်း မုချ ကြားရလိမ့်မည်။
 အကျိုးပေး ဂဏန်း - ၁၊ ၅၊ ၈။
အထူးဟော - ကံကောင်းမည်။
ယတြာ - ငါးအရှင် သက်စေ့ မြောက်အရပ်ရှိ ရေကန်တွင်လွှတ်ပါ။

သွေးစုပ်ဖုတ်ကောင် Vampire

သွေးစုပ်ဖုတ်ကောင် Vampire ဆိုတာကို အားလုံး ရင်းနှီးပြီး သားပါ။ သူတို့တွေက တစ်ကယ်ရှိလို့လား။ Edward လိုမင်း သား ချောလေးတွေလား? ဒရက် ကူလာလို လူဆိုးကြီးတွေလား? ဖတ်ကြည့်လိုက် ရအောင်။
သွေးစုပ်ဖုတ်ကောင် ဆိုတာ လူတွေရဲ့ အသက်သွေးကို မှီဝဲတတ်တဲ့ ဒဏ္ဍာရီထဲက မသေနိုင်တဲ့ လူသဏ္ဍာန် သတ္တ၀ါ တစ်မျိုးပါ။ သွေးစုပ်ဖုတ် ကောင်တွေ တကယ် ရှိသလား။ သူတို့ဟာ Twilight ထဲက Edward လိုစိတ်ကူး ယဉ်စရာ မင်းသား ချောလေးတွေလား။ ဒရက်ကူလာလို ကြောက်စရာ လူဆိုးကြီး တွေဖြစ်မလား။

Vampire

အမေ-၂



အမေ-၁


နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အချိန်သတ်မှတ်ချက်နှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား သဘောထားကွဲလွဲ

8.1.1
လိုင်ဇာ၌်  ပြုလုပ်လျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးအစည်းအဝေးပွဲတွင် လုံခြုံရေး တာဝန်ယူထားသော ကေအိုင်အို တပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ-အောင်ဇော်ထွန်း)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည် ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အချိန်သတ်မှတ်ချက်နှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထား ကွဲလွဲမှု ရှိနေကြောင်း သိရသည်။

၃၁.၁၀.၂၀၁၃ ရက်နေ့ The Voice Weekly သတင်းစုစည်းမှု

၃၁.၁၀.၂၀၁၃ ရက်နေ့ 7Day Daily သတင်းစုစည်းမှု

Wednesday, October 30, 2013

၃၀.၁၀.၂၀၁၃ ရက်နေ့ The Voice Weekly သတင်းစုစည်းမှု


၃၀.၁၀.၂၀၁၃ ရက်နေ့ 7Day Daily သတင်းစုစည်းမှု


တစ်ချိန်ကမယ်များ"ဓါတ်ပုံ"

၁၉၅၄ ခုနှစ် မယ်တက္ကသိုလ်

Tuesday, October 29, 2013

လူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုး

တချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချားစရာ ကောင်းမှုကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုးကို ဖတ်ကြည့်ပါဦး။
အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံလိုင်း ကိုကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “Being Human,” လိုဇာတ်နာနာ လွမ်းစရာ လေး တွေလဲ တစ်ခါတစ်ခါ ပါပါ သေးတယ်။ ဒီပြပွဲ တွေမှာ တွေ့နေကျ သဘာဝ လွန် ဖြစ်ရပ်တွေ ဖြစ်တဲ့ ပူးတာ၊ ခွာတာ၊ အရိပ်တွေ၊ လျှပ်စစ်လိုင်း EVPs တွေ phantoms သရဲတွေ၊ အလင်း ရိပ်ယောင် လူပုံစံတွေ ပါဝင်မှာပါ။ ဒီသရဲဖြစ်စဉ် တွေဟာ ပြောကြ တဲ့သူ များလို့ ယုံကြည် သူတွေကြား ရေပန်းစား လှပါတယ်။ ဒါပေမဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေမှာ တခြား ဖြစ်တောင့် ဖြစ်ခဲ ဖြစ်စဉ် တွေလည်း ရှိနေပါ သေးတယ်။ ကဲလူသိ နည်း တဲ့ သရဲ အမျိုးအစား တွေ အကြောင်း ကြည့်လိုက် ရအောင်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်

R-30-10
ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ်

လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။
နိုဝင်ဘာ ၁ ရက်တွင် စတင်တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အကြောင်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။

၂၉.၁၀.၂၀၁၃ ရက်နေ့ The Voice Weekly သတင်းစုစည်းမှု

၂၉.၁၀.၂၀၁၃ ရက်နေ့ Eleven သတင်းစုစည်းမှု


၂၉.၁၀.၂၀၁၃ ရက်နေ့ 7Day Daily သတင်းစုစည်းမှု

ဥစ္စာစောင့် တစ်ကယ်ရှိတာလား (ဇာတ်သိမ်း)

   

ဥစ္စာစောင့် တကယ်ရှိမရှိကတော့ ကျွန်တော်လည်းသေသေချာချာတော့ မပြောတတ်။  အရင်အပိုင်း ၁ ကတော့ကျွန်တော့် အမေရဲ့ ဆေးခန်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေးကို ရေးထားတာ။  ခုအပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေးကန်ကြီးဒေါင့်မြို့က အကြောင်းလေး။

ဥစ္စာစောင့် တစ်ကယ်ရှိတာလား ၊ အပိုင်း(၁)

ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။  ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။  သူ့ဟာသူနေသူ နေကြတယ်။  ကိုယ်လည်း ကိုယ်ဟာကိုနေ တယ်ပေါ့လေ။  ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့ငွေကိုပဲလိုချင်တယ်။  ဘယ် ပစ္စည်းမှ အလကားမရတာ၊ဥစ္စစောင့်က စီးပွားတက်အောင်လုပ်ပေးတယ် ဆိုရင်လည်း သူတစ်ခုခုလိုချင်လို့ လုပ်ပေးတာဖြစ်မှာပေါ့။  အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ်အပိုတွေလုပ်ပေးရဦးမယ်။  အဲ့ဒီတော့ သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။ 

Monday, October 28, 2013

၂၈.၁၀.၂၀၁၃ Eleven သတင်းစုစည်းမှု

Sunday, October 27, 2013

ဆက်ဆံရေးဥပဒေသ

လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါမှာ လိုက်နာရမယ့် ဆက်ဆံရေးဥပဒေသ ၃ ရပ်ရှိပါတယ်... အဲ့ဒါတွေကတော့

၁) လိမ်လည်ပြောဆိုခြင်းမပြုဖို့

၂) လိမ်လည်လှည့်စားခြင်းမပြုဖို့နဲ့

၃) မထိန်းနိုင်တဲ့ ကတိတွေမပေးဖို့ တို့ပဲဖြစ်ပါတယ်...


လိမ်လည်ပြောဆိုခြင်း
----------------------------------------------------------------
လိမ်လည်ပြောဆိုခြင်းဆိုရာမှာ မရှိတာကို အရှိထင်လာအောင်... မဟုတ်တာကို အဟုတ်ထင်အောင်ပြောတာတွေပါသလို ရှိတာကို မရှိဘူးထင်အောင်... ဟုတ်တာကို မဟုတ်ဘူးထင်အောင်ပြောဆိုတာမျိုးတွေလည်း အကျုံးဝင်ပါတယ်...

လိမ်လည်ပြောဆိုတဲ့ သူတွေဟာ ရိုးသားမှုမရှိတဲ့သူတွေဖြစ်ပါတယ်... ရိုးသားမှုမရှိတဲ့ ဆက်ဆံရေးဟာ ဘယ်လိုမှ တာရှည်မခံနိုင်ပါဘူး... လိမ်လိုက်တဲ့ ညာလိုက်တဲ့ခဏမှာ တစ်ဖက်လူက ယုံသွားနိုင်ပေမဲ့ တစ်ချိန်ချိန်မှာတော့ အမှန်ကို ပြန်သိသွားမှာပါပဲ....

ဒါကြောင့် လူတစ်ဦးနဲ့ တစ်ဦးဆက်ဆံတဲ့အခါမှာ လိမ်လည်ပြောဆိုခြင်း မပြုဘဲ ရိုးသားမှုအရင်းခံပြီး ပြောဆိုဆက်ဆံမှသာ ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ပါလိမ့်မယ်...

ရိုးသားတဲ့ စိတ်အရင်းခံနဲ့ မိမိအခြေအနေမှန်ကို မဖုံးမကွယ်ဘဲ အသိပေးလိုက်တာက
ရေရှည်အတွက်ပိုကောင်းပါတယ်...ကိုယ့်မှာမရှိတဲ့အရာတွေကို ရှိသလိုလုပ်ပြီး လိမ်ညာဆက်ဆံနေမယ်ဆိုရင် အမှန်ကိုသိသွားတာနဲ့ ကိုယ့်ကိုရှောင်ဖယ်သွားမှာသေချာပါတယ်...

ရိုးသားမှုထက်ကောင်းတဲ့ အဆင်တန်ဆာဆိုတာမရှိပါဘူး... ရိုးသားတဲ့အတွက် ရှက်စရာလည်းမလိုပါဘူး... ကိုယ့်လက်ရှိအခြေအနေကို လက်မခံနိုင်တဲ့သူတွေဟာ ရေရှည်အတွက်လည်း
ကိုယ့်အပေါ်သဘောထားမှန်မှန်နဲ့ ဆက်ဆံသွားမယ့်သူတွေ မဟုတ်ပါဘူး... သင့်ရိုးသားမှုရဲ့ တန်ဖိုးကို သိမြင်နားလည်သူတွေဟာ သင့်ကိုရွေးချယ်ကြပါလိမ့်မယ်...

သင့်ကိုမိတ်ဆွေအပေါင်းအသင်းအဖြစ် ရွေးချယ်တာဟာ သင့်အပိုင်းမဟုတ်ပါဘူး... ရိုးသားမှုအရင်းခံနဲ့ မလိမ်မညာဘဲ ပြောဆိုဆက်ဆံဖို့ကသာ သင့်တာဝန်ဖြစ်ပါတယ်... ကိုယ့်တာဝန်ကိုယ်ကျေရင် ဆက်ဆံရေးမှာ အောင်မြင်အဆင်ပြေနိုင်ပါတယ်...

လိမ်လည်လှည့်စားခြင်း
----------------------------------------------------------------
လိမ်လည်လှည့်စားခြင်းဆိုတာကလည်း လိမ်လည်ပြောဆိုခြင်းကို အဆင့်မြင့်မြင့်လုပ်ဆောင်တဲ့သဘောဖြစ်ပါတယ်... လိမ်လည်လှည့်စားတဲ့နေရာမှာ စကားလုံးတွေနဲ့ ပြောဆိုတာမျိုးပါချင်မှပါ
ပါလိမ့်မယ်...

ဒါပေမဲ့ တစ်ဖက်လူကို မိမိလိုချင်တဲ့အခြေအနေအတွင်း ရောက်ရှိသွားအောင် နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်လိုက်တာမျိုးဖြစ်ပါတယ်... လိမ်လည်ပြောဆိုတာကို လုံ့လစိုက်ထုတ်စရာ သိပ်မလိုဘဲ လုပ်ဆောင်နိုင်ပေမဲ့ လိမ်လည်လှည့်စားတဲ့နေရာမှာတော့ လုံ့လစိုက်ထုတ်ရပါတယ်...

ဒါကြောင့်လည်း လှည့်စားခံရတဲ့သူတွေဟာ ပိုပြီးယုံကြည်သွားတတ်ကြပါတယ်... ဒါပေမဲ့
လိမ်လည်တယ် လှည့်စားတယ်လို့ဆိုကတည်းက လက်ရှိအခြေအနေနဲ့ ကင်းကွာနေတာဖြစ်ပါတယ်... ကိုယ်လိုချင်တဲ့အခြေအနေရအောင် လှည့်စားသိမ်းသွင်းနိုင်ပေမဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါမှာတော့ လှည့်စားခံရသူကလည်း အခြေအနေမှန်ကို သိရှိသွားမှာပါပဲ...

ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးမျိုးကို လိုချင်တဲ့သူတွေဟာ လိမ်လည်လှည့်စားမှုတွေကို ဘယ်တော့မှ မလုပ်သင့်ပါဘူး... နောက်တစ်ချက်က အလှည့်စားခံရလိုက်တာကို သိတဲ့အခါ စိတ်ထဲမှာပိုပြီး ခံရခက်ပါတယ်... ဒီအချက်ဟာ ဆက်ဆံရေးလမ်းဆုံးကိုရောက်သွားအောင် ပြုလုပ်ပေးတဲ့ အဓိက အချက်လည်းဖြစ်ပါတယ်...

မိမိက ကောင်းမွန်တဲ့စေတနာနဲ့ လှည့်စားမှုပြုလုပ်ခဲ့တယ်ဆိုရင်တောင် တစ်ဖက်လူအနေနဲ့ နားလည်လက်ခံပေးနိုင်ဖို့မလွယ်ကူပါဘူး... စေတနာမှန်ပေမဲ့လုပ်ဆောင်ချက်မှားနေရင် ထိရောက်သင့်သလောက် မထိရောက်တာကို သတိပြုသင့်ပါတယ်...

ဒါကြောင့် ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်မယ့်သူတွေကြားမှာ ဘယ်လိုလိမ်ညာလှည့်စားမှုမျိုးကိုမှ မပြုလုပ်သင့်ဘူးဆိုတာကို အမြဲမပြတ်သတိပြုဆင်ခြင်သင့်ပါတယ်...

မထိန်းနိုင်တဲ့ကတိများ
----------------------------------------------------------------
ကတိဆိုတာ မိမိအနေနဲ့ အလုပ်တစ်ခုကို တစ်စိုက်မတ်မတ် လုပ်ဆောင်ထိန်းသိမ်းသွားမယ်လို့ တိုင်တည်အသိပေးတဲ့သဘောဖြစ်ပါတယ်... မင်းမှာ သစ္စာ လူမှာကတိ ဆိုတဲ့ စကားလည်း ရှိပါတယ်...

တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေဟာ သစ္စာတရားကို လက်ကိုင်ထားပြီး အုပ်ချုပ်စီမံရသလို လူမှုဝန်းကျင်မှာ ကျင်လည်နေကြရသူများအနေနဲ့ ကတိတစ်လုံးကို တန်ဖိုးထား ထိန်းသိမ်းသွားဖို့ အရေးကြီးပါတယ်...

ကတိမတည်တဲ့သူ သစ္စာမရှိတဲ့သူတွေကို ဘယ်သူကမှ မယုံကြည်ကြပါဘူး... တစ်နပ်စားအကြံနဲ့ မထိန်းနိုင်တဲ့ကတိတွေပေးတတ်သူဆိုရင်တော့ အကုန်လုံးကဝေးဝေးကရှောင်ပါလိမ့်မယ်... လူသတင်းလူချင်းဆောင်တဲ့အတွက် သင့်ရဲ့ မကောင်းတဲ့အချက်တစ်ချက်ဟာ အလျင်အမြန်ပျံ့နှံ့သွားနိုင်ပါတယ်... အထူးသဖြင့် မကောင်းသတင်းတွေကို ပိုပြီးမြန်မြန်ဆန်ဆန် လက်ဆင့်ကမ်းတတ်ကြပါတယ်...

ကတိတစ်ခုပေးပြီးပြီဆိုရင် အဲ့ဒီကတိကို အမြဲထိန်းသိမ်းစောင့်ရှောက်ရပါမယ်... ကတိတည်တဲ့သူ သမာသမတ်ရှိတဲ့သူတွေကိုသာ လူတွေက ယုံကြည်ကြပါတယ်... နှစ်သက်လက်ခံကြပါတယ်... အပေါင်းအသင်းပြုလုပ်လိုကြပါတယ်...

ကိုယ်တကယ်မတတ်နိုင်တဲ့ မလုပ်နိုင်တဲ့အရာတစ်ခုကို တစ်ဖက်လူစိတ်ကြိုက်ဖြစ်စေဖို့အတွက်နဲ့ အလွယ်တကူ ကတိမပေးလိုက်ပါနဲ့... မထိန်းနိုင်တဲ့ကတိပေးတာထက်စာရင် ရနိုင်တဲ့အခွင့်အရေးကို လက်လွှတ်လိုက်တာက သင့်အတွက် ရေရှည်မှာ ပိုကောင်းနိုင်ပါတယ်... ကတိမတည်သူ ဆိုတဲ့ အမည်းစက်မျိုးလည်း သင့်သမိုင်းမှာ ရေးထိုးစရာ အကြောင်းမရှိတော့ပါဘူး...

ဒါကြောင့် ရေရှည်ခိုင်မာတဲ့ဆက်ဆံရေးမျိုး.. အောင်မြင်တဲ့ဆက်ဆံရေးမျိုးကို လိုချင်တဲ့သူတွေဟာ ပေးထားတဲ့ကတိကို ထိန်းနိုင်ဖို့အရေးကြီးသလို ကတိပေးမလွယ်ဖို့ မပေးနိုင်တဲ့ကတိတွေကိုမပေးဖို့လည်း အထူးအရေးကြီးပါတယ်...

---------------------------------------------------------------
နှိုင်းရင့်နွေ

ပဋိပက္ခဖြစ်စဉ်များ၊ လုံခြုံရေး ပြဿနာနှင့် စီးပွားရေး မတည်ငြိမ်မှု ဂယက်များကြားမှ မြန်မာဆီးဂိမ်းစ် ဘာလဲ . . . ဘယ်လဲ . . .

P-28-10
ဆီးဂိမ်းစ်ပွဲတော်အတွက် ပြင်ဆင်နေသည့် နေပြည်တော်ရှိ ဇေယျာသီရိ အားကစားကွင်းအား တွေ့ရစဉ်

-----သတင်းဆောင်းပါး-----

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ၊ လုံခြုံရေး ပြဿနာများနှင့် စီးပွားရေး မတည်ငြိမ်မှု ဂယက်များကြားမှ မကြာမီ ပြုလုပ်မည့် မြန်မာဆီးဂိမ်းစ်၏ အလားအလာနှင့် အောင်မြင်နိုင်မှုအပေါ် နယ်ပယ်အသီးသီးမှ စိုးရိမ်မှုများနှင့် မေးခွန်းထုတ်လျက် ရှိနေကြသည်။

၂၇.၁၀.၂၀၁၃ ရက်နေ့ Eleven သတင်းစုစည်းမှု

မော်ဒယ်လ်နှင့်သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံခြင်း

ဗြိတိန်တွင် အခြေချ နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မော်ဒယ်လ်နှင့် သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံပြီး သူ၏ ပထမဆုံး တစ်ကိုယ်တော်စီးရီး New Me အကြောင်း၊ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သည့် Y Talk ကုမ္ပဏီအကြောင်း၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် သူ၏အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
enter_mdntysmnt_ypznVoiceး စမိုင်းလ်က အရင်တုန်းကဆို မော်ဒယ်လ်နဲ့ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ကျင်လည်ခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ အခါမှာတော့ တေးစီးရီးခွေကို အရင်စလုပ် ဖြစ်ပုံလေး ပြောပြပေးပါဦး။

ပြင်ဆင်ရေး၊ အသွင်ကူးပြောင်းရေးနှင့် အချစ်မပါသော အိမ်ထောင်ရေး

နိဒါန်း

အမျိုးသားရေးနိုးကြားမှု အသွင်ဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ရေးဆွဲမလား ဟူသည့် မေးခွန်းသည်လည်း လက်ရှိကြား သိရသည့် သတင်းများအရ ပြင်ဆင်ရေးလမ်းကြောင်း ကိုသာ သွားကြတော့မည့် သဘောသို့ တိမ်းညွတ်နေသည်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွဲ့စည်းဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်လမ်းကြောင်း ကသာ လျှောက်လှမ်းသွားမည့် ရည်မှန်းချက်ကို လူသိထင်ရှား ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံဥပဒေပါ ပေးထားချက်များအတိုင်း ဆောင်ရွက်သွားမည် ဟူ၍ ဖြစ်သည်။

Saturday, October 26, 2013

မကျွတ်မလွတ်တို့ မြူးတဲ့ည


arti_mkmlt_01
အကျွတ်အလွတ် ပွဲတော်သည် ပြိတ္တာများအပေါ် မေတ္တာရှေ့ထား၍ ပြိတ္တာတို့ လွတ်လွတ်လပ်လပ်၊ မရှက်မကြောက် လာရောက် စားသုံးနိုင်ရန်၊ အစွဲအလမ်းများကြောင့် မကျွတ်မလွတ်ဘဲ ပြိတ္တာဘဝသို့ ရောက်ရှိနေခြင်းမှ ကျွတ်လွတ် သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အကျွတ်အလွတ်ပွဲတော် ဦးဆောင်ကျင်းပသူ သံဃာတော်များက မိန့်ဆိုသည်။

Friday, October 25, 2013

မြတ်ဆရာ


ညစာစားပွဲ


၂၅.၁၀.၂၀၁၃ ရက်နေ့ Eleven သတင်းစုစည်းမှု